အခန်း ၉ -၂

Start from the beginning
                                    

တကယ်တော့ သူမက သခင်မရှောင်း ပြန်လာပြီးရင် အိမ်အုပ်ချုပ်ခွင့်နဲ့ အဓိကဆောင်ကို ပြန်တောင်းလိမ့်မယ်လို့ စဥ်းစားပြီးဖြစ်တယ်။ အရှေ့ကဟာကိုတော့ သူမ ငြင်းပယ်လို့ မရပေမဲ့ နည်းနည်းတော့ အခက်တွေ့အောင် လုပ်လို့ရတယ်။ အဓိကဆောင်ကိုတော့ သူမလုံးဝ လက်မလျှော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြစ်တယ်။ ဖိအားပေးလာရက် သူမက ငိုယိုပြဿနာ ရှာလိုက်မယ်။

မထင်မှတ်ပဲ သခင်မရှောင်းက သူမပြန်လာကတည်းက အိမ်ဆောင် ပြောင်းချင်တဲ့ ကိစ္စကို နည်းနည်းလေးမှ မပြောဘူး။ လက်စသတ်တော့ ဒါကို စောင့်နေတာပဲ။ ကိုယ့်ဟာကို မနည်း ဒီအိမ်တော်ဟောင်းရဲ့ အစေခံတွေကို ပျိုးထောင်ထားရတာ သခင်မရှောင်းက တစ်ယောက်မှ မသုံးဘူး။ မေးတောင်မမေးဘူး။

အိမ်အသစ်မှာ သူ့ရဲ့လူယုံတွေကို တစ်ခါတည်း ဖြည့်လိုက်တယ်။ အဲ့အချိန်ကျရင် သူပြောတာ အတည်ပဲ။ သခင်မကယ်ရဲ့ ဦးနှောက်ထဲမှာ ရုတ်တရက် ရှင်းလင်းသွားတယ်။ သူမရဲ့ မရီးနဲ့ ၁၀နှစ်ကြော် သိကျွမ်းလာခဲ့တာ သူမလည်းပဲ အရင်က သခင်မရှောင်းရဲ့ နည်းလမ်းတွေကို တွေ့ကြုံခဲ့ဖူးတယ်။ သူမမှန်းတာ မမှန်းရင် အဖွားဝမ့်က ပြောင်းပြီးသွားလောက်ပြီ။ အခုချိန် အိမ်အသစ်ကို စောင့်ကြပ်နေတာက သခင်မရှောင်း ခေါ်လာတဲ့ အိမ်အစောင့်တွေ ဖြစ်လောက်တယ်။

ဒီလူတွေကို သူမဘယ်လို စည်းရုံးရမှာလဲ။ တကယ်လို့ သူမဟာသူမ အိမ်အသစ်ကို ပြောင်းခဲ့ရင် သခင်မရှောင်းက အများဆုံးအနေနဲ့ အစေခံအချို့  ခေါ်ဖို့ပဲပြောမှာ။ ဒါဆို သူမဒီ ၁၀နှစ်ကျော်မှာ သုံးထားရတဲ့ အင်အားတွေက ဘာအသုံးဝင်ဦးမှာလဲ။
သခင်မကယ် ပြန်ပြောတာကို မစောင့်ပဲ တုံရုံးက မျက်နှာမှာ မနာလိုမှုတွေနဲ့ ပြုံးပြီးပြောလိုက်တယ်။

''ဒေါ်လေး ဝမ်အိမ်ရဲ့ အဲ့ဒီ့အိမ်တော်ကို ကျွန်တော် မသွားဖူးသေးဘူး။ အဖေနဲ့အမေက ဒေါ်လေးနဲ့လိုက်ပြီး ကြည့်ဖူးတယ်။ ကျွန်တော်ရ မရ.....´´

''ဘာကိုရ ရမှာလဲ။ မရဘူး´´

အမေချန်က ငြင်းပယ်လိုက်တယ်။

''အခုလေးတင် နင်က ချန်အိမ်ကို ထပ်ပြီးလာလို့ မရဘူးလို့ ပြောပြီးပြီ။ ငါက အလကားပြောတယ်လို့ နင်ထင်နေလား´´

love like the galaxy { myanmar translation }  (Unicode & ZawgyiWhere stories live. Discover now