" တိမ်ယံဆင့်.... ငါသာမလာရင် မင်းဒီတိုင်းဆန့်ဆန့်ကြီးပဲ သေသွားတော့မှာလား "

" ရှင်း ငါ့ကိုနည်းနည်းလောက် ပိုအိပ်ခွင့်ပေးစမ်းပါဦး "

" ထပ်ပြီးဟန်ဆောင်မနေနဲ့တော့ ဘယ်ချိန်ထိထွက်ပြေးနေမှာလဲ "

" ငါထွက်ပြေးနေတာမဟုတ်ဘူး..... ခဏပုန်းနေတာ "

ခေါင်းခါလိုက်ကာ လေပြေရှင်းတစ်ယောက် အခန်းထဲမှထွက်လာရင်း မီးဖိုချောင်ဆီသွားလိုက်လေသည်။ ၎င်းက ပြန်ပြင်လို့မရသည့် မဟာအမှားကြီးမှန်းသာ သိခဲ့လျှင် သူသေချာပေါက်ဝင်သွားခဲ့မှာ မဟုတ်ပေ။ ရှုပ်ပွနေမှုမှာ သာမာန်သွေးရိုးသားရိုးမဟုတ်ဘဲ သူခိုးဝင်မွှေထားသလားဟုတောင် အမှတ်မှားမိစရာပင်ဖြစ်သည်။ ၃ နှစ်လောက်တစ်ယောက်ထဲနေလာလဲ အချိုးကပြောင်းမသွားဘူးဟု လေပြေရှင်းတွေးလိုက်ပြီး တိမ်ယံဆင့်၏ ၃နှစ်တာ နှိပ်စက်မှုကို ခံလာရသော jace ကိုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတော့သည်။

သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် မနက်စာပါ တစ်ခါတည်းပြင်ဆင်လိုက်ကာ ချစ်လှစွာသော သူငယ်ချင်းကို စားတော်တည်ရန် ပင့်ရပါသေးသည်။ မကြည်လင်သော မျက်နှာနှင့် ထမင်းစားပွဲဝိုင်းထံ မပါချင်ပါချင် ပါလာသော်လည်း ငေးငေးငိုင်ငိုင် လုပ်နေဆဲပင်။

" စား.... အချိန်မှန်လည်း ထမင်းမစားဘူး ပိန်သွားရင် ဘယ်လိုလုပ်မလဲ "

" ရှင်း တစ်ကယ်လိုများ သူနိုးမလာတော့ရင် ဘယ်လိုလုပ်မလဲ "

ဤသည်မှာ တိမ်ယံဆင့် တစ်ချိန်လုံး စဉ်းစားနေသော မေးခွန်းဖြစ်လေသည်။ ပြဒါးရံသာ ပြန်နိုးမလာခဲ့ရင် သူဘာဆက်လုပ်ရမလဲ။ ထိုမေးခွန်းအား ရှင်းကို မေးလိုက်ချိန်တွင် ပတ်ဝန်းကျင်ဟာ တစ်ခဏတာ တိတ်ဆိတ်သွားလေသည်။ ရှင်း လက်ထဲ၌ကိုင်ထားသော ဇွန်းမှာ လေထုအလယ်တွင် ရပ်တန့်နေလျက်သား ၊ပါးစပ်ထဲရှိ ထမင်းတစ်လုပ်မှာလည်း ဆက်လက်ဝါးနေခြင်း မခံရတော့သလို ၊ မျက်ဝန်းများမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း စုံနေလျက်ပင် ဖြစ်ပါတော့သည်။

" မင်း တစ်ချိန်လုံးကို ဒါပဲစဉ်းစားနေတာလား "

" အင်း.... တစ်ကယ်လို့.... "

Hate Poem Written With Love࿐Onde histórias criam vida. Descubra agora