1

12.3K 149 13
                                    

[fic ပါ ဇာတ်ကြောင်းများသည် စာရေးသူ၏
စိတ်ကူးယဥ်အကြောင်းအရာများသာ
ဖြစ်သည့်အတွက် တစုံတရာမှားယွင်းခဲ့သည်
ဖြစ်သော် ခွင့်လွှတ်ပါ။]

********************

'' ဟေသရီလွန်း..ဘာလို့မျက်နှာက ဆူပုတ်
နေရတာလည်း ''

'' အမေကလည်း..သမီးမှ မလိုက်ချင်တာ ''

'' မလိုက်ချင်လည်း လိုက်ရလို့ပဲ ရွာကိုဖြင့်
ရောက်တော့မယ် မဟုတ်ဘူးလား ''

'' အဲ့တာ အမေ့ကြောင့်လေ ''

'' တော်စမ်း... သမီးအဖွားတို့ဆီရောက်ရင်
အမေ့ကို မျက်နှာပျက်အောင် လုပ်ချင်နေတာလား ''

နောက်ထပ် ပြန်ပြောလိုက်ချင်ပေမယ့်
အမေ့ရဲ့ ဆုံးမစကားတွေကို စိတ်ညစ်လာရျ်
ဆက်ရျ် မပြောတော့ခြင်းသာ ဖြစ်သည်။
ရွာဆိုသည်ကား အမေ့ရဲ့အမေ
ရှုပ်ရှုပ်ယှက်ယှက်တွေမပြောရကြေးဆိုရင်
ဟေသရီရဲ့ အဖွားရှိရာ ရွာသို့သာလျှင်ဖြစ်လေသည်။
အဖွားမှာ နေမကောင်းဖြစ်သည်ဟု ဆိုသောကြောင့် အမေနဲ့ဟေသရီတို့ ရွာသို့ဆင်းလာခြင်းသာ။

အမေက တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို
သူ့ကို သဘောတူထားသည့်လူနှင့်လည်း
တခါတည်း ပေးစားမည်ဟု ဆိုသည်သောကြောင့်
ဟေသရီတယောက် စိတ်ညစ်နေရခြင်းသာ။
တခါမှမမြင်ဘူး မတွေ့ဘူးသည့် လူကို
လက်ထပ်ရမည်တဲ့လား။
အို...ဘယ်လိုမှ တွေးလို့ကို မရနိုင်ပါဘူးရှင်။

ရွာသို့ရောက်သလား မရောက်သလား
မသိပေမယ့် ကားက ရပ်သွားပြီး
အမေတို့ကလည်း ကားပေါ်ကနေ ဆင်းကြလေသည်။

'' အမေ..လွန်းတို့ရောက်ပြီလား ''

'' မရောက်သေးဘူး..သမီး
ရွာကို ဆိုင်ကယ် တနာရီလောက်စီးရအုန်းမယ်''

ဟမ်... တနာရီကြီးတောင်
နာရီအများကြီး ကားစီးလာရတာ အားမရသေးလို့ ဆိုင်ကယ်ပါ ထပ်ပြီး စီးရအုန်းမယ်တဲ့လား။
ဟူး.... စိတ်တွေလည်း ညစ်ပါတယ်။

'' အာ့ဆို ဆိုင်ကယ်ကရော အမေရဲ့..ဆိုင်ကယ်မှ
မရှိတာ လာပါ ကားနဲ့ပဲ ဆက်သွားရအောင်လေ ''

'' ဆိုင်ကယ်မရှိဘူးလို့ပြောရအောင်
မိန်းကလေးက ကျုပ်တို့ကို မမြင်ဘူးလား ''

ဘုရင် (king) Where stories live. Discover now