Unicode
အဝတ်ဗီဒိုကို ဆွဲဖွင့်လိုက်တော့ တန်းစီထည့်ထားတဲ့ ဆော့ဂျင်အဝတ်တွေ။
နောင်တ ဆိုတဲ့စကားဟာ ဘာလဲလို့များ တစ်စုံတစ်ယောက်က မေးလာရင် ဆော့ဂျင် ခေါင်းခါမိမှာ။
တကယ်လည်း မသိဘူးလေ။
နောင်တကဘာလဲ။
သူများတွေပြောသလို အဲ့နောင်တကို သူလည်းမှမရဖူးတာ။ချစ်သူရဲ့ရင်ခွင်ထဲကနေ ချစ်သူရဲ့မျက်နှာကိုမော့ကြည့်ပြီး နိုးထလာရတာ မနက်ခင်းဟာ ကြည်နူးစရာပါပဲ။
ဖြစ်ပြီးခဲ့တာတွေကို ဆော့ဂျင်ကိုယ်တိုင် လိုလိုလားလားနဲ့ အမှတ်တရတွေအဖြစ် ဖန်တီးပေးခဲ့တာ။နမ်ဂျွန်းကိုချစ်တယ်လေ။
အဲ့ဒီအတွက် မဖြစ်နိုင်ခြင်း၊ မပိုင်ဆိုင်ရခြင်းတွေထက် ဘာမှပိုတာမရှိပါ။
နောင်တတွေဆိုတာ အဝေးဆုံးပေါ့။
ချစ်ပါတယ်ဆိုမှ နောင်တရှိမလား။အတိတ်ကိုဘယ်နေရာကပဲ ပြန်ကြည့် ကြည့် နောင်တဆိုတာ ဆော့ဂျင်အတွက်မရှိခဲ့။
ဘဝမှာ မပိုင်ဆိုင်ရ၊ မဆုံကြရရင်တောင် ဘဝတွေချည်နှောင်လိုက်ပြီးကတည်းက ဒီမနက်ရဲ့ နေမထွက်ခင်အချိန်အထိ ဆော့ဂျင်ဟာ အပျော်ဆုံးလူဖြစ်နေပြီ။
နေထွက်ရင်တော့။
အင်း. . .နေထွက်ရင်တော့ ဒါဟာအမှတ်တရတွေပေါ့။
ဘုရားသခင်က အိမ်မက်ကလှုပ်နှိုးတော့မှာကို။"ဆော့ဂျင်"
နမ်ဂျွန်းစီက အဲ့ဒီခေါ်သံကြောင့် ခလုတ်တိုက်လဲကျသွားတဲ့ ဒီလမ်းပေါ် အခုတော့ ဆော့ဂျင်ကိုယ်တိုင်ပဲ ပြန်ထရတော့မည်။
အမှားတွေကို အမှန်ပြန်ပြင်ခွင့်ရတာ ကျေနပ်စရာပါပဲ။
ဘဝတစ်ခုလုံးကို အပြစ်တင်ရင်တောင် ကောင်းတာတွေ၊ ဖြစ်ချင်တာတွေလည်း ဖြစ်လာမှာမဟုတ်တော့ အဲ့လိုပဲကျေနပ်ရတော့မှာပေါ့လေ။အမှတ်တရတွေထဲ ဆော့ဂျင်ဆိုတဲ့ ခေါ်သံတွေပဲ့တင်ထပ်နေမှာ။
နာကျင်စရာတွေ လာယူပြီး ကိုယ်တိုင်တွန်းဖွင့်ခဲ့ရတဲ့ တံခါးကို အခုတော့ ဆော့ဂျင်ကိုယ်တိုင်ပြန်ပိတ်ရမှာ။"အဝတ်တွေ ကျွန်တော်ထည့်ပေးမယ်"
"မင်းအခုမှနိုးတာကို"
Luggageဘီးတွေ လိမ့်တဲ့အသံ၊ အဝတ်တွေထုတ်ပြီး Luggageထဲ အသေအချာနေတဲ့ နမ်ဂျွန်းမျက်လုံးတွေကို ဆော့ဂျင် လိုက်ကြည့်နေမိတာ။
နာကျင်ရရင်တောင် ဆော့ဂျင်ကိုယ်တိုင်ပဲ နာကျင်ချင်တာ။
နမ်ဂျွန်း ဒီအချိန်မှာ အဆင်ပြေနေဖို့ မျှော်လင့်တာ။
YOU ARE READING
Film OUT✔︎