♡︎1

705 59 5
                                    

Unicode

အပိုင်းအစတွေဟာ စိတ္တဇဆန်လွန်းသည်။
ဘဝတစ်ကွေ့က အပိုင်းအစမှန်သမျှဟာ စိတ္တဇကို ဆန်လွန်းပါသည်။
အမှောင်ထုထဲ အဲ့ဒီအပိုင်းအစတွေကို တစစီလိုက်ကောက်နေတဲ့ လူဟာတော့ ပိုပြီးခြောက်ခြားစရာ ဖြစ်နေမှာပါပဲ။
ငိုသံတွေ၊ ငိုသံတွေ။
အလင်းရောင်ဆိုတာတောင်မရှိတဲ့ အလုံပိတ်အခန်းရဲ့ နံရံပတ်ပတ်လည်မှာ ငိုသံတွေ။

ပြီးတော့မျက်ရည်တွေ တတောက်တောက်စီးကျလာ။

ဒါဟာ လူတစ်ယောက်ကို ချစ်ဖူးတဲ့ဇာတ်လမ်း။

အချစ်ဟာ ဘာလဲလို့ အစကပြန်တွေးရရင် ကျလတ်စမျက်ရည်တွေ မိုးပြိုတာထက်ဆိုးသွားတာပါပဲ။
အချစ်ဟာ ဒီကမ္ဘာအတွက်တော့ မဆုံစည်းနိုင်ခြင်း။
ဟုတ်ပါသည်။ မဆုံစည်းနိုင်ခြင်းပါ။
အိမ်မက်ကမ္ဘာထဲသို့ ခဏတာအလည်သွားခြင်းရယ်ပါ။

ဘယ်လိုများ ဒီအခြေအနေအထိ တောင့်ခံထားနိုင်လဲမေးရင် အမှတ်တရတွေကို မကုန်နိုင်သရွေ့ ပြောပြမည်။
ပြီးတော့ ခေါင်းအုံးပေါ်က မျက်ရည်တွေကိုကြည့်ဦးမလားလေ။
စစ်ကရက်ပြာတွေ လေထဲပါသွားတောင် ဒီစိတ်ကတော့ မသေပါဘူး။

အချစ်သာ မရှိရင်တော့ဖြင့် လူဟာသေဆုံးသွားတာမျိုးဖြစ်နိုင်ပါလိမ့်မည်။
အေးချမ်းသွားလိမ့်မည်။
အကုန်လုံးကိုလည်း မေ့သွားနိုင်မည်ထင်သည်။

ဒါပေမဲ့ အဲ့လိုအဖြစ်ခံတာထက် အကုန်လုံးကို သံသရာတစ်ဆုံး နာနာကျင်ကျင် ယူဆောင်သွားရတာက ပိုပြီး ကျေနပ်ဖို့ကောင်းပါရဲ့လေ။

ပိုင်ဆိုင်ခြင်းဟာ အချစ်မဟုတ်သလို ချစ်တဲ့လူကိုလည်း မပိုင်ဆိုင်နိုင်ခဲ့။
စောင့်နေရအောင်လည်း အချစ်ဟာ နောက်ပြန်လှည့်လာမှာမဟုတ်ခဲ့။
ပြန်တော့ လာခဲ့ပါရဲ့။
အဲ့ဒီပြန်လာခြင်းကစလို့ အသက်မဲ့သွားတာတွေပါပေါ့။
တကယ်တမ်း အချစ်ဆိုတာက ဆက်သွားနေမယ့် ခံစားချက်ပါပဲ။
ဘရိတ်ကြိုးပျက်နေတဲ့ ကားတစ်စီးလို။
လေနှင်ရာလွင့်နေတဲ့ ကြိုးမဲ့စွန်လို။

ရက်ပေါင်းခြောက်ရက် ဇာတ်လမ်း။
အခန်းဆက်လေးပါပဲ လို့ထင်ကောင်းထင်နိုင်ရင်တောင် နာရီပေါင်း100နီးပါးထဲမှာ ချစ်ကြကွဲကြရတဲ့ Titanicရဲ့ Jackနဲ့ Roseကိုပဲ မြင်ကြည့်ကြပါ။

Film OUT✔︎Where stories live. Discover now