Unicode
တသက်လုံးဆို ဘယ်လောက်ကောင်းမလဲ။
တသက်လုံးဆိုရင်လေ ဘယ်လောက်ကောင်းလိုက်မလဲ။"ထယ်ယောင်းတစ်ခါပြောဖူးတာကို အခုမှမှတ်မိတယ် သူ့အကိုက ထမင်းကြော်ကို အရမ်းကျွမ်းတာတဲ့"
ပုခုံးပေါ်က နမ်ဂျွန်းအသက်ရှူလေလေးတွေ ဆော့ဂျင်ပါးပေါ် လာထိနေသည်။
မသိမသာလေး နမ်းနေသလိုမျိုး။
ခါးနောက်ကနေ ဖက်ထားတဲ့လက်တွေလည်းရှိနေသည်။
ထယ်ယောင်းနဲ့ နမ်ဂျွန်း အဆောင်အတူနေကြတဲ့အချိန်ကတည်းကသာ ဆော့ဂျင်ကို သိခဲ့ရင်။မတွေးချင်တော့ပါ။
ဖြစ်လာတော့မှာလည်း မဟုတ်တာတွေ။
တသက်လုံးဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ မေးခွန်းကိုပဲ ခဏခဏပြန်တွေးနေမိတော့တာ။
ဒီအချိန်လေးကိုလေ။"မနက်စာပြင်ပေးတုန်းက ကိုယ့်ကိုဘာလို့တားတာလဲ"
"အားနာလို့လေ ဒီတိုင်း ကျွန်တော် ဆော့ဂျင်ကို အားနာတာ"
"အခုရော ဘာလို့မတားတာလဲ"
"ညစာပြင်ပေးနေတဲ့ ဆော့ဂျင်က အိမ်ရှင်လေးနဲ့တူတယ် ဒီလိုဖက်ထားရတော့ ကျွန်တော့်အပိုင်ဖြစ်နေသလိုပေါ့"
ပွင့်ပွင့်လင်းလင်း ပြောပြီး ကျယ်ကျယ်လောင်လောင် ရယ်ချပစ်ကြတာ။
တစ်ခဏလေး နမ်ဂျွန်းအဲ့လိုခံစားရမယ်ဆို ဆော့ဂျင်ပျော်ပါတယ်လေ။
ဘယ်အချိန် အမှန်စီပြန်လှည့်ရမလဲ မသိသေးတဲ့အချိန်လေးမှာ အဆုံးသတ်ကိုမရောက်ခင် နမ်ဂျွန်းပျော်နေတာပဲ မြင်ချင်တာ။
ဆော့ဂျင်လည်း နမ်ဂျွန်းကလွဲ အရာအားလုံးကိုမေ့ထားချင်တာ။"ဖောက်ပြန်ခိုင်းနေသလိုတော့ မဖြစ်ဘူးမဟုတ်လားဟင်"
"အဓိပ္ပါယ်မရှိလိုက်တာ...ကင်မ်ဆော့ဂျင်ကို ဘယ်သူမှပိုင်နေတာမဟုတ်ဘူး အခုရော နောက်ရော ဘယ်သူမှမပိုင်ဘူး အဲ့ဒီမိန်းကလေးကိုလည်း ကင်မ်ဆော့ဂျင်က ဘဝအစိတ်အပိုင်းတစ်ခုလောက် တာဝန်ယူပေးရရုံပဲ"
နမ်ဂျွန်းအသံတွေ တိတ်ဆိတ်သွားခဲ့သည်။
အသက်ရှူသံတောင် သေသေချာချာရယ် မကြားရတော့သလိုမျိုး။
နောက်လှည့်ကြည့်ချင်ပေမဲ့ ခါးကိုဖက်ထားတဲ့လက်တွေက တင်းကျပ်လွန်းလို့ ဆော့ဂျင်လွယ်လွယ်ကူကူတောင် လှုပ်ရှားလို့မရ။
YOU ARE READING
Film OUT✔︎