Unicode
မျက်လုံးတွေဖွင့်တာနဲ့ ဆော့ဂျင် လို့တစ်ခွန်းလောက် အတွေးထဲခေါ်နှင့်ပြီးနေပြီ။
ဆော့ဂျင် ဆော့ဂျင်။
အတွေးတွေရှိနေသမျှ ဒါလေးကို ရွတ်နေချင်ခဲ့တာ။
ခုံပေါ်က အင်္ကျီညိုလေးမရှိ။
အိပ်ယာဘေးမှာ ဆော့ဂျင်မရှိပါ။"အကို နိုးပြီပဲ"
ဧည့်ခန်းထဲမှာ ထယ်ယောင်းတောင် စာထိုင်ဖတ်နေပြီ။
အရင်နေ့တွေကလို အိပ်ယာကို နေမြင့်မှထဖြစ်ပေမဲ့ ဒီနေ့က မတူတာတစ်ခုရှိနေသည်။"ဆော့ဂျင် ဘာလုပ်နေတာလဲ"
မီးဖိုခန်းထဲမှာ ရှိနေတဲ့ဆော့ဂျင်။
အင်္ကျီအဖြူပါးလှလျလေးဟာ ပြတင်းပေါက်က လေတွေကြား ရှပ်တိုက်နေပြီး ဆော့ဂျင်ကို အကို ဆိုပြီးတပ်မခေါ်ဖြစ်လို့ နမ်ဂျွန်းကျေနပ်လိုက်တယ်ထင်သည်။
ဆော့ဂျင်က သူ့ထက်အကြီးလို့ လုံးဝမထင်ရဘူးလေ။
ဆော့ဂျင်က နောက်ကျောလေးကကို ကြည့်ရတာ ရင်နင့်စရာဖြစ်ပေမဲ့ သိပ်လှတာ။
ဆံပင်စလေးတွေ မျက်လုံးပေါ်တင်နေတဲ့ ဆော့ဂျင်။
လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေထဲ နမ်ဂျွန်းလို့များ ဆော့ဂျင်ခေါ်လိုက်သလားလေ။"ကိုယ် မနက်စာပြင်ပေးနေတာ"
"ဆော့ဂျင်ရယ် ထိုင်နေပါ ဧည့်သည်ကို ဒီလိုမလုပ်စေချင်ဘူး"
အားနာလို့ပြောလိုက်တဲ့စကားကို ဆော့ဂျင်က ကြိုက်ပုံမရ။
ဆော့ဂျင်မျက်လုံးတွေမှာ မပြောင်းလဲတဲ့ပုံစံရှိလည်း နှုတ်ခမ်းလေးတွေစေ့သွားရုံနဲ့ မျက်နှာရိပ်တွေကို နားလည်နေပြီထင်ပါရဲ့လေ။
ထူးဆန်းတယ်မဟုတ်ပါလား။
နမ်ဂျွန်း ဆော့ဂျင်ကိုသိခဲ့တာ 24နာရီတောင်မပြည့်သေး။
ကြားထဲမှာ အိပ်ချိန်တွေလည်း နေရာယူထားသေးတယ်ဆိုတော့။"သူများအိမ်မှာ အချောင်မနေချင်ပါဘူး ကိုယ်မနက်စာလုပ်ပေးတာကို မင်းမကြိုက်ရင် နောက်နေ့မလုပ်တော့ဘူးလေ ဒါပေမဲ့အခုတော့ မတားနဲ့ ဟုတ်ပြီလားနမ်ဂျွန်း"
ဆော့ဂျင်ပြောသမျှစကားထဲ ဒါဟာအရှည်ဆုံးဖြစ်လိမ့်မည်။
ဆော့ဂျင်က အနေလည်းအေးသလို စကားလည်းနည်းတယ်ထင်ပါသည်။
မနေ့ကနေအခုထိ ပြောသမျှစကားတွေကို ရေတွက်ထားမိတဲ့အထိ ဆော့ဂျင်စီ နမ်ဂျွန်းစိတ်တွေစုစည်းနေတာများ။
YOU ARE READING
Film OUT✔︎