Part 5 He called my name at first

Start from the beginning
                                    

“သမီး....ဘာတွေ အတွေးလွန်နေတာလဲ အဖေခေါ်နေတာတောင် မကြားဘူး..”

ကျွန်မအဖေရဲ့ ခေါ်သံကို ကြားမှ ကျွန်မအတွေးနွံထဲကနေ လွတ်မြောက်လာခဲ့ရတယ်

“ဪ..ဘာမှ မတွေးပါဘူးအဖေကလည်း ဒီတိုင်း ဆိုင်ကယ်လေတိုးတာရော ရှုခင်းတွေ ငေးနေတာနဲ့ရောပြီး မကြားလိုက်တာပါ အဖေရ....”

“အေးပါ ငါ့သမီးရ...မကြာခင် တက္ကသိုလ်ကျောင်းကြီးရောက်တော့မယ်....”

“အင်း..အဖေ့”
ဝေ့ဝဲနေမိတဲ့မျက်ရည်ကြည်များကို ကျွန်မ မသိမသာသုတ်လိုက်ရသည်

သနပ်ခါးလူးမထားတော့ သိသာနေမှာ မဟုတ်ဘူး
ကိုယ့်ဟာကိုယ်ဖြေသိမ့်တွေးရင်း ....

ကျောင်းပေါက်ဝရောက်ချိန်မှာ အဖေ့ကို သေချာနှုတ်ဆက်ရင်း ကျောင်းထဲသို့ ဝင်လာခဲ့တယ်
မြင်မြင်သမျှကတော့ အသစ်အဆန်းတွေပါပဲ
ဟိုတစ်စု ဒီတစ်စုသွားလာနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေ ကျောင်းသူတွေကိုလည်း တကယ်အများကြီးတွေ့ရတယ်
ကျွန်မကတော့ တစ်ယောက်ထဲလျှောက်ဆဲပါပဲ
ကျွန်မရဲ့မေဂျာဆောင်ကိုလည်း ရောက်ပြီ ပြဿနာကတော့ အဲ့မှာမှ စတော့တာပါပဲ
ဘယ်ကို မေးလို့ ဘယ်ကိုသွားရမှန်းမသိ တကယ်ကို ဒုက္ခတွေ ရောက်ပါတော့တယ် အသိကလည်း မရှိ ကိုယ်ကလည်း သွားမမေးချင် ....
နောက်ဆုံးမှာတော့ အရဲစွန့်ပြီးမေးလိုက်တော့ ကိုယ့်အဆောင်boardမှာ ကပ်ထားတဲ့စာကို အပြေးအလွှားသွားကြည့်ရပါတော့တယ်
ဟူး...တက္ကသိုလ်ပထမရက်ကတည်းက မလွယ်ပါ့လား...

ကျွန်မရဲ့အခန်းက (B)ခန်း
အမှတ်နဲ့စဥ်ထားတဲ့ ခုံနံပါတ်တွေထဲမှာ ကျွန်မက ခုံနံပါတ် ၂၅၆။ကျွန်မဝမ်းမနည်းပါဘူး ကိုယ့်ဟာကိုယ်လည်း မသိမ်ငယ်ပါဘူး ဒီအမှတ်က ကျွန်မကြိုးစားလို့ ရလာတဲ့အမှတ်လေ ဒါကြောင့် ကျွန်မဘာကိုမှ မကျေမနပ်မဖြစ်ပါဘူး (A)ခန်းထဲမ‌ေနရလို့လည်း ကိုယ့်ကိုကိုယ်စိတ်မပျက်မိပါဘူး
၁ကနေ ၂၀၀ထိက Aခန်း
၂၀၁ကနေ ၄၀၀ထိက (B)ခန်း
အဲ့ဒီနောက်ပိုင်းကတော့ (C)ခန်းပဲပေါ့....

ကျောင်းဖွင့်ကာစဆိုတော့ ဆရာ/မတွေလည်း ဆုံးမစကားဟောကြ ပြောကြတုန်းပေါ့
ကျွန်မတို့လည်း ကျောင်းသစ်ဆရာမအသစ်နေရာအသစ်မှာ စိတ်လှုပ်ရှားစွာနဲ့နားထောင်ကြတာပေါ့
ကျောင်းဖွင့်ကာစရက်ဆိုတော့ သိတယ်မလား မြင်မြင်သမျှက အကုန်စိတ်ဝင်စားဖို့ကောင်းနေတော့တာ

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now