နှုိင်းမျက်မှောင့်အနည်းငယ်ကျုံ့လိုက်ပြီးနောက်အပေါ်ထပ်သို့တတ်သွားခဲ့သည်။
အပေါ်ထပ်ရောက်တော့ဘီယာဘူးခွံတွေအရက်ပုလင်းတွေနဲ့မုန့်ထုပ်တွေကနေရာအနှံ့ သုံးယောက်လုံးက ကြမ်းပြင်မှာအိပ်ပျော်နေကြသည်။
နှုိင်းလဲလက်ပိုက်ပြီးကြည့်နေလျှက်
"ဒါဘာဖြစ်နေတာလဲ ထကြစမ်း!"
ငရွှေကထလာပြီး နှုိင်းကိုမြင်တော့လန့်သွားကာ ဇနရဲ့ပေါင်အားပုပ်ပြီးနှိုးနေသည်။
"ဟျောင့်ထအုံး မင်းဘဲ ကြီးလာနေပြီ"
တိုးတိုးသာသာပြောသော်လဲဇနတစ်ယောက်အိပ်ကောင်းတုံးပင်
"မင်းတို့ ဒီမှာအိပ်လိုက်"
နှုိင်းက ငရွှေတို့ငမဲတို့ကိုဒီမှာပဲအိပ်ဖို့ပြောပြီး ဇနအားမချီကာ မိမိ အခန်းထဲသိူ့ခေါ်သွားလိုက်သည်။
ကုတင်ပေါ်ပြစ်ချလိုက်ပြီး မနက်ရောက်ရင်တော့ တွေ့တာပေါ့ငယ်ရာ။
နှုိင်းလဲဘေးနားမှာပဲဝင်လှဲလိုက်ပြီး အိပ်စက်လိုက်တယ်။
.
.
.
.
မနက် မိုးလင်းတော့ ဇနသော်တာတစ်ယောက် အိပ်ချင်မူးတူးနှင့်ထလာပြီးနောက်ပထမဆုံးမြင်တွေ့လိုက်ရတာက ကုတင်ဘေးမှာထိုင်နေတဲ့ဦးနှိုင်းကိုပင်။"အမလေး..ဦး ဘယ်လိုဖြစ်ပြီး ပြန်ရောက်နေတာလဲ..ဟို..ဟိုကောင်တွေရောဟင်"
နှုိင်းလဲစိုက်ကြည့်နေရာမှ စကားပြောလိုက်သည်။
"အိမ်ပြန်သွားကြပြီ..ပြောပါအုံး ငယ်ညကဘယ်လိုတွေသောင်းကြမ်းထားလဲ"
ဇနလဲခေါင်းလေးကုတ်လျှက် ခေါင်းလေးငုံထားကာပြောလိုက်သည်။
" အဲ့တာက..ဦးပြန်မလာဘူးဆိုပြီးဆိုးချင်သလိုဆိုးနေတာပါ မှားပါတယ်ဗျ ဦးအပြစ်ပေးပါ"
နှိုင်းလဲစိုက်ကြည့်နေလျှက်ကနေ့ အခန်းပြင်ထွက်ရန်အခန်းတံခါးဘက်လျှောက်သွားလိုက်ပြီး
"ရေချိုးပြီးအောက်ဆင်းခဲ့ အမူးပြေဟင်းရေတိုက်မယ်..တစ်လက်စထဲအပြစ်ပေးဖို့ ကြိမ်လုံးတစ်ချောင်းယူခဲ့"
part37
Start from the beginning