တစ်ကိုယ်လုံး ဓာတ်မတည့်မှုကြောင့်နလန်ထူကာစဖြစ်နေသေးရင်‌တောင် အစားအစာတွေက လင်ရှီးအတွက်တော့အမှန်တကယ်ကို အလွန်တရာမှဆွဲဆောင်မှုရှိလှ၏။

ခန္ဓာကိုယ်အရေပြားမှ အင်းဆက်ကိုက်ခံရသလိုယားယံမှုက‌ နှေးကွေးသွားပေမယ့် လူကိုခံစားရတာမသက်မသာဖြစ်နေစေတုန်းပင်။ ဒါပေမယ့် အစားအသောက်ကောင်းတွေရှိနေခြင်းက အဲ့ဒီမသက်မသာဖြစ်မှုတွေကို လုံးဝလျစ်လျူရှုနိုင်စေ၏။

မနက်စာစားပြီးနောက် လင်ရှီးဆရာဝန်ထွက်မသွားခင် ညွှန်ကြားခဲ့သည့်အတိုင်း အလာ့ဂျစ်ဆေးကို ရေအေးနဲ့သောက်လိုက်သည်။

အပြင်ဘက်တွင်ငါးကန် တူးပြီးသွားချေပြီ။ ကျန်သေးတာကရေကန်အောက်ခြေတည်ဆောက်ဖို့နှင့် ရေထုတ်လွှတ်ဖို့စီမံရန်ဖြစ်သည်။ ပေးပို့ထားသည့်ဆောက်လုပ်ရေးအဖွဲ့က ဖက်ဒရယ်ပြည်ထောင်စုတွင် နည်းပညာအတော်ဆုံးအဖွဲ့ဖြစ်သည်။ မြင့်မားသည့်နည်းပညာအကူအညီဖြင့် ငါးကန်ကြီးကမနက်ဖြန်ဆိုပြီးလောက်သည်ဟု ခန့်မှန်းရသည်။ စားသောင်ပြီးနောက်အပေါ်ထပ်သို့တက်ကာ ဒုတိယထပ်ရှိဧည့်သည်ခန်းဆီသို့သွားပြီး ပြတင်းပေါက်တွင်ရပ်၍အပြင်ဘက်ရှိလုပ်ငန်းခွင်ကို ကြည့်နေရင်းလင်ရှီး ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။

လင်ရှီးနဲ့ပက်သတ်လို့ သူရေသူတစ်ကောင်အနေနဲ့ ပထမကလူသားအဝတ်အစား ဝတ်ရတာမကြိုက်ခဲ့ပေမယ့် ဘာကြောင့်သူရုတ်တရက်ကြီး ဒုတိယထပ်ကဧည့်သည်ခန်းကို သွားခဲ့တာလဲဆိုရင် အကြောင်းအရင်းက သဘာဝအားဖြင့် သူ့ခန္ဓာကိုယ်ကဓာတ်မတည့်မှုကြောင့်ဖြစ်သည်။

အနီဖုတွေကသူ့မျက်နှာနှင့် လက်မောင်းတွေပေါ်မှာ ပေါ်ထွက်လာရုံသာမက လင်ရှီးတစ်ကိုယ်လုံးတွင်လည်း အနီဖုတွေရှိသည်။ သေချာပေါက် ခြေထောက်တွေကလဲချွင်းချက်မဟုတ်ဘူးပေါ့။

အဖုတွေမပျောက်ခင် သို့မဟုတ် ယားယံတာမပျောက်သေးခင် ခဏလောက်တော့သူရေထဲမဆင်းသင့်ကြောင်း လင်ရှီးနှလုံးသားထဲကတောင်သိသည်။

ရေထဲပြန်မဆင်းပဲ အတော်လေးလုံသည့်အခန်းထဲနေကာ လင်ရှီးပြတင်းပေါက်မှန်ကိုဆွဲပိတ်၍ အပြင်ကအလုပ်လုပ်နေသည့်အသံတွေကိုဖြတ်တောက်လိုက်ပြီး လိုက်ကာကိုပါဆွဲချလိုက်၏။

The Villain Dressed As a Little MermaidWo Geschichten leben. Entdecke jetzt