" လိမ်မနေနဲ့.... ခင်ဗျားတို့ကို နောက်ထပ် မယုံနိုင်တော့ဘူး။ မလုံလောက်သေးဘူးလား ...... ကျွန်တော့်အပေါ် ဒီလောက်တောင် လှည့်စားခဲ့တာကို အခုထိမလုံလောက်သေးဘူးလား "

တိမ်ယံဆင့်တစ်ယောက် မိမိကဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာတွေကိုပင် ဂရုမစိုက်တော့ဘဲ စိတ်ထဲရှိရာအကုန် ထုတ်ပြောမိနေပါတော့သည်။

" ကျွန်တော်မျက်လုံးတွေက ကွယ်သွားပြီဆို အခုဒါကဘာတွေလဲ "

သူ့မျက်ဝန်းနေရာကို လက်ညှိုးထိုးလျက် ယွန်းဟေမီကို ပြောလိုက်လေသည်။

" အခုအကောင်းတိုင်းရှိနေတာပဲ မဟုတ်ဘူးလား။ အကုန်လုံးကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်‌နေရတယ်။ "

" မင်းအခု ရှင်းရှင်းလင်းလင်း မြင်နေရတာတွေက ရံလေးကြောင့်ပဲ။ အဲ့တာက ရံလေးမျက်လုံးတွေ...... သူမင်းကိုပေးခဲ့တာ "

" မဟုတ်ဘူး ! "

အစပိုင်း၌ ငြင်းဆန်နေခဲ့ပါသည့်တိုင် နောက်ပိုင်း၌မူ

" ဟား....ဟား.....ဟား "

တိမ်ယံဆင့်မှာ ရူးသွပ်လောက်အောင် ရယ်မောလာခဲ့တော့သည်။ သူဟာ အလွန်အမင်းရယ်နေခဲ့သည့်အတွက် အသိစိတ်လွတ်ကာ ပတ်ဝန်းကျင်က ကိစ္စတွေကို မေ့မျောသွားခဲ့ဟန်တူသည်။ ခေါင်းမော့ကာ ဆံပင်များကို လက်ချောင်းတို့ဖြင့် သပ်တင်လိုက်ပြီး ယွန်းဟေမီကို မကြည့်တော့ဘဲ ဘေးဘက်သို့မျက်နှာမူကာ ပြောလိုက်သည်။

" အရေးမပါတာတွေ တော်သင့်ပြီ။ ကျွန်တော်က ယုံမယ်လို့ထင်နေတာလား ။ ကျွန်တော့်မျက်လုံးတွေ ခွဲစိတ်ထားတာတောင် မသိရအောင် ကျွန်တော်ကအရူးလား "

" တိမ်ယံဆင့် ! "

" တော်တော့.....ကျွန်တော့်ကိုထပ်ပြီး အလိမ်အညာတွေ မယုံခိုင်းပါနဲ့တော့.... ခင်ဗျားတို့ရဲ့ အလိမ်အညာတွေက လုံလောက်နေပြီမလို့ ထပ်ပြီးမယုံနိုင်တော့ဘူး။ "

" မင်းကိုလိမ်ညာနေတာ မင်းကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ မျက်လုံးခွဲစိတ်ခဲ့တာကို သေချာပေါက် မင်းကတော့ ဘယ်သိမလဲ။ "

သူမက မျက်ခမ်းစပ်က မျက်ရည်များကို သုတ်လိုက်ပြီး အသံတွေဝင်ကာ ပြောလာခဲ့သည်။

Hate Poem Written With Love࿐Where stories live. Discover now