Taehyun: My Strange Neighbour.4⚠️

174 13 5
                                    

⚠️Warning ⚠️

နီမြန်းမြန်း ရောင်သွေးသော ကျဥ်းမြောင်းမြောင်း ဧည့်ခန်းထဲ၌ ကောင်လေးနှစ်ယောက်။ မှောင်ရိပ်ပျိုးနေသောကြောင့် နှစ်ဦးစလုံး၏မျက်နှာထက်သို့ စူးရဲရဲအနီရောင် အလင်းရောင်ကသာ ဖြာကျနေသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မေးငေါ့နေသော မေးခွန်းများဟာ လေဟာနယ်ထဲ၌သာ ဝေလျက်လွင့်လျက်။ ပူစပ်စပ်လေဝေ့မှုကြောင့် ညလေကိုမျှော်မှန်းမိသော်လည်း အလုံပိတ်ထားသော ဤအခန်းတွင် လေဝေ့စရာ အပေါက်မရှိ။ အလုံးစုံသည် ပကတိ ဆိတ်ငြိမ်လျက်သာ။

ညိုရစ်ရစ်အဝိုင်းများ တွဲခိုနေသော ထယ်ဟွန်း ၏မျက်တွင်းများသည် ဟောက်ပက်ပက်ရှိသည်။ သူ့ရဲ့ ပင့်ရှိုက်သံတွေဟာ အရှိန်မြင့်လာတဲ့ တေးသွားတစ်သီလို ခပ်မြန်မြန်ဘောင်ဘင်ခတ်နေသည်။ ချွေးရွှဲနေသော နီမြန်းမြန်းခရမ်းသီး မျက်နှာဟာ ပေါက်ကွဲတော့မည် ဗုံးတစ်ခုအလားပင်။

ဘောမ်ဂယူ စူးစမ်းမိသလောက်ဆိုလျှင် ကောင်လေး၏ ပါးလှပ်လှပ်ရှိသည့် ကိုယ်တွင် အဝတ်ကပ်မနေခြင်းက ကောင်လေးကိုရစ်မူးစေနိုင်မည့် နည်းတစ်သွယ်ဖြစ်ပေမည်။ သည်လိုဆိုပြန်ရင်လည်း ကောင်လေး၏ မျက်ခွံတွေကတော့ လေးလေးပင်ပင် ရှိမနေပြန်ချေ။ တစ်ခုသာ..။ ကောင်လေး၏ မျက်ခုံးနှစ်ဖက်ဟာ အတွင်းဘက်သို့ စောင်းချိတ်၊ နထင်သွေးကြောတွေဟာ ပေါက်ထွက်မတတ် တဒုတ်ဒုတ် မြည်နေသည်။ ကောင်ငယ်လေးက တစ်စုံတစ်ခုကို အစိုင်အခဲ တည်နေပုံရသည်။

အပေါ်ပိုင်းဝတ်လစ်စားလစ် ဖြစ်နေတဲ့ကောင်လေး အပါးမှာ သံသယရိပ်တ်ို့ဟာ ခပ်သွက်သွက်ပဲ နောက်ယောင်လိုက်ခဲ့ကြဟန်တူသည်။ အဲ့သည်လိုသာ မလိုက်လျှင် ကောင်လေးဟာ ညည့်ယံအခါကြီးကျမှ သူ့ရှေ့ကို စွဲမက်ဖွယ် အသားစ အနည်းအငယ် ပေကပ်နေ၍ သွေးရည်ပျစ်များ တတောက်တောက်ကျနေသော ဓါးတစ်လက်ကို ဆုပ်ကိုင်ပြီး ရောက်နေပါ့မလားလေ။

ဘောမ်ဂယူ ဟာ ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်သို့ ဘုတ်ခနဲပစ်ချလိုက်သည်။ ဂရုတစိုက်မကြည့်ပါဘဲ တင်လိုက်သည့် စာအုပ်ဟာ စားပွဲပေါ်သို့ သေသေသပ်သပ် တည်သွားသည်။ ထိုအချက်ကတော့ ရောထွေးနေသည့် ခံစားချက်တို့တည်နေသော ထယ်ဟွန်း အတွက်တောင်မှ အထင်ကြီးစရာ အချက်ပင်။

Midnight Stories ||TXT Donde viven las historias. Descúbrelo ahora