Huening kai: Day

619 35 4
                                    

သစ်ကိုင်းခြောက်ရဲ့အရိပ်ဟာ အလင်းရောင်သဲ့သဲ့ရှိသော အခန်းတွင်း၏ စွတ်စိုသောနံရံဖြူထက်မှာ ထင်နေလေရဲ့။ ပြတင်းပေါက်မှန်မှာ တွဲခိုနေတဲ့ မိုးရေစက်လေးတွဟာ တဖြေးဖြေးခိုဆင်းတယ်။ မိုးတိတ်သွားတာတောင် တဖန်လာဖို့ဖန်နေတဲ့ မိုးကြိုးသွားရဲ့ အလင်းရောင်ဟာ ကောင်းကင်ထက်ဝယ် တလက်လက်ရယ်။

အပြင်ရာသီဥတု၏ အေးစက်မှုဟာ အခန်းတွင်းကိုပါ ယိုစိမ့်လာသည်။ ညိုညစ်ညစ်အခန်းတွင်းထဲမှာ ဟျူနင်းထိုင်နေတဲ့ နွေးအိအိအိပ်ရာခင်းတွေ အပါအဝင် အရာအားလုံးဟာ စိုထိုင်းအေးစက်သည်။ ခုဆို မထူမပါးမီးခိုးရောင်နံရံတွေကိုတောင် အေးစက်မှုက ထွေးပွေ့ပေးနေပြီ။

ဟျူနင်းဟာ တွေးတောခြင်းမဲ့ထွေလျက် တိတ်ဆိတ်မှုကြား တစစနဲ့ စိမ့်ဝင်နေဟန်တူသည်။

ရုတ်တရက်ဆိုသလို နာရီနှိုးစက်ဟာ အိပ်ယာထက်ကနေ အဆက်မပြတ်မြည်ကျွေးတယ်။ ရုတ်ချည်းဆန်တဲ့ အသံကြောင့် ဟျူနင်းရဲ့ မျက်ခုံးလေးတွေ အပေါ်ကိုတွန့်ခနဲ တက်သွားသည်။ မြည်ကျွေးနေတဲ့ ဝတ္ထုဆီ သူငဲ့ကြည့်ခြင်း ကင်းခဲ့သည်။ နားမခံသာအောင် သတိပေးနေတဲ့ အဲ့ဒီနှိုးစက်ကို ဟျူနင်း ထုချေပစ်ခဲ့တာ သိပ်မကြာသေးခင်ကပဲလေ။

ပြတင်းပေါက်အပြင်ကိုကြည့်နေတဲ့ ဟျူနင်းရဲ့မျက်ဝန်းတွေဟာ ဟောက်ပက်ပက်ရယ်။ ဘာအကြောင်းကြောင့်မှန်းမသိ အပြင်မှာ ယိမ်းနွဲ့နွဲ့ကကြိုးသီနေတဲ့ မြက်ခင်းစိမ်းစိမ်းတွေကို သူ့ရဲ့ ရီဝေဝေမျက်လုံးတွေနဲ့ ကြည့်နေလေရဲ့။

ဘေးကနေ အဆက်မပြတ်မြည်နေတဲ့ နာရီကို သူ့ရဲ့ လေးပင်ပင်လက်နဲ့ ဖိပိတ်ပစ်လိုက်တယ်။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ အချိန်နာရီတွေကိုတောင် သူကြည့်မနေတော့ဘူး။

တစ်ခဏမျှ သူ့ရဲ့အပါးမှာ ငြိမ်းအေးမှုတို့ တဖန်တည်လာသည်။ ခုမှ ကြည်လင်ပြတ်သွားစွာကြားရတဲ့ မိုးရေစက်တို့အသံဟာ ငြီးငွေ့စရာပင်။ နံနက် လင်းခါစ နေရောင်ကိုတောင် မမြင်ရပဲ ညို့မှိုင်းသော မှုန်သုန်သုန် မြင်ကွင်းကိုသာ သူမြင်ရသည်။ ငှက်ငယ်တို့ လူးလားရာ ကောင်းကင်ထက်မှာ မိုးသားတို့စုဝေးရာတည်း။

Midnight Stories ||TXT Where stories live. Discover now