Taehyun: My Strange Neighbour .1

175 15 4
                                    

ထယ်ဟွန်းဟာ ကောလိပ်စတက်မည့် ကျောင်းသားမို့ အဆောင်မှာနေရတော့မည်။ အိမ်နှင့်ခွဲနေရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ငယ်စဥ်တည်းက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသည့် ကလေးမဟုတ်တာကြောင့် အိမ်ကအထောက်အပံ့လဲမရှိ။ ကိုယ့်ရဲ့ အချိန်ပိုင်းလုပ်အားခ နည်းနည်းနှင့် အမေ့ဆီက မုန့်ဖိုးအနည်းအငယ်တို့ကိုသာ စု၍ အဆောင်ငှားရန် ပြင်ရသည်။

နွေရာသီမို့ နေမင်းကြီးဟာ အပူတပြင်းစိုးမိုးနေ၏။ ဖုန်းထဲမှ အဆောင်ငှားရန်ရှိသော website များထဲသို့ ထယ်ဟွန်း ဝင်ဖတ်ရင်း နေစရာရှာ၏။ ပူပြင်းမှုအရသာကို လေပူတစ်ချက်မှုတ်ထုတ်ရုံကလွဲပြီး သူဘာလုပ်နိုင်ဦးမလဲလေ။ နဖူးပေါ်မှ တပြိုက်ပြိုက်ကျဆင်းသော ချွေးသီးလေးမျာ တစ်ချို့တလေဟာ မျက်လုံးထဲဝင်တော့ စပ်ဖျင်းဖျင်းဒဏ်ကို သူခံရသေးသည်။ သည်လို အနှောက်တွေကိုတောင် သူဟာသတိမပြုမိဘဲ တစ်နေ့အတွင်း အဆောင်ရဖို့အရေး ဆန္ဒပြင်းပြနေရသည်။ ပြင်းပြရမည်။ အဘယ်ကြောင့်ဆို မွေးရပ်မြေမှ တစ်နယ်တစ်ခြားလာနေရသည်။ ဒီနေ့မှ နေစရာမရလျှင် လမ်းဘေး သို့မဟုတ် ပန်းခြံ၌ သတင်းစာခြုံ၍ တစ်ညကုန်ရလိမ့်မည်။

လျှောက်လာသည့်လမ်းအရ နေရာလဲအတော်စုံနေပြီ။ စွမ်းအင် အတော်အတန်ကုန်ခမ်းပြီမို့ ဝမ်းဗိုက်ထဲမှ အစာအိမ်ကလဲ တဂွီဂွီအော်မြည်နေပြီ။ အစာလွန်ပြီး မလိုလားအပ်တဲ့ ကျန်းမာရေးပြသာနာတွေ မဖြစ်ချင်တာကြောင့် ထယ်ဟွန်း နီးရာစားသောက်ဆိုင်တစ်ခုကို အမြန်ရှာ၏။

ပေါင်မုန့်ဆိုင်လိုမျိုး အစာပြေစားလို့ရမည့် ဆိုင်တစ်ဆိုင်တွေ့တာနဲ့ ခပ်သုတ်သုတ်လေးဝင်သွား၏။ ဆိုင်အတွင်းခန်းဟာ သန့်ပြန့်ပြီး နံ့ရံအပါအဝင် အလှစင်ပစ္စည်းများကအစ ညိုရင့်ရင့် အရောင်တို့နှင့် စီခြယ်ထား၏။

"ကြိုဆိုပါတယ်~"

ကောင်တာနောက်တွင် ရပ်နေသော စတော်ဘယ်ရီရောင်ဆံသားရှိသည့် ကောင်လေးတစ်ယောက်က ပြုံးရွှင်လျက် နှုတ်ဆက်၏။ ထိုကောင်လေး၏ ဆံနွယ်ဟာ ကောင်လေးတစ်ယောက်အဖို့တော့ ရှည်သည်ဟုပြောရမည်။ ပုံစံကြည့်ရတာ ထယ်ဟွန်းရွယ်တူဖြစ်ဟန်တူ၏။

Midnight Stories ||TXT Where stories live. Discover now