၁၅

1K 195 18
                                    

人鱼陷落
Ren Yu Xian Luo



UNICODE


လုယန်တစ်ယောက် ဓာတ်ခွဲစမ်းသပ်ပစ္စည်းတို့ထားရာဗီရိုထဲကနေ Accelerantဟုရေးထားသည့် ပန်းရောင်အကျည်ပုလင်းလေးအားရှာတွေ့သွားခဲ့သည်။ ဆေးအားလေလုံထိုးဆေးပုလင်းထဲထည့်လို့ထားရှိပြီး (၁၀)စင်တီမီတာအရှည်ရှိသည့်ဆေးထိုးအပ်တစ်ချောင်းပါတွဲလျက် ဆေးရုံသုံးတိတ်ဖြင့်ကပ်လို့ထားရာ ကြည့်တာနှင့်တွဲအသုံးပြုရခြင်းဖြစ်ကြောင်းသိသာလှသည်။

"အသုံးပြုပုံ : ဆေးအား ကုတ်ပိုးဂလင်းအတွင်းထိုးသွင်းပါက (၁၀)စက္ကန့်အတွင်းရလဒ်ထွက်ပေါ်လာမည်ဖြစ်သည်။"

လုယန်က ပုလင်းထက်ကစာသားများကိုတစ်ခေါက်ဖတ်ကြည့်မိ၏။

"ရလဒ်ထွက်ပေါ်မှာ ၊ ဘာရလဒ်ထွက်မယ်ဆိုတာကြ ရေးလည်းမထားဘူး ဒါပဲလား။"

"ငါလုပ်လိုက်မယ် မင်းလျှောက်မလုပ်နဲ့။"

ပိုင်ချူနျန် လက်နတ်အိတ်ထဲမှဓားမြှောင်ကိုထုတ်ယူကာ ထုတ်ပြီးပြီးချင်းမှာပဲခပ်မြန်မြန်ဓားကျောဘက်ဖြင့် ဖန်အပိတ်အဖုံးကိုဖြတ်ပစ်လိုက်ပြီး ကျွမ်းကျင်စွာပင် အပ်ဖြင့်ဆေးရည်တို့ကိုစုတ်ယူလိုက်သည်။ အဖုံးပိတ်ခါနီး၌ ဆေးရည်အနံ့အားရှူကြည့်မိသေး၏။

"ပြီးမြောက်သွားပြီ။"

လုယန်က မစ်ရှင်စာရွက်ကိုပုတ်ပြလိုက်သည်။ 'ဆေးရုံရှိ Accelerantဆိုသည့်စိတ်ခြောက်ခြားဆေးကိုရှာပါ' ဆိုသည့်မစ်ရှင်(၂)ကပြီးမြောက်သွားခဲ့လေပြီ။ မစ်ရှင်စာရွက်ထက်ကြယ်နှစ်လုံးရှိသွားခဲ့ပြီး ယခုလုယန်သိမ်းယူထားသည့် လူ(၁၄)ယောက်ကိုထပ်ပေါင်းပါက ကြယ်တစ်လုံးသတ်မှတ်၍ရသည်။

"အခုနောက်ဆုံးထိအသက်ရှင်ရင် ကြယ်(၆)လုံးရပြီပဲ။"

ပိုင်ချူနျန် Omegaတစ်စုထံလှည့်လို့မေးလိုက်ပါသည်။

"မင်းတို့က ကြယ်ဘယ်နှစ်လုံးထိလိုချင်တာလဲ? သုတေသနအဆောက်အအုံမှာက ချဖို့ခက်လောက်မယ် ငါမင်းတို့ကိုအဆုံးထိပဲလမ်းပြပေးရင်ရော ၊ သုတေသနဌာနမှာ ပုံသေဆေးသေတ္တာသုံးလုံးတောင်ရှိတော့ အဖွဲ့တွေဘယ်နှစ်ဖွဲ့တောင်ဝိုင်းလုနေကြလဲမသိဘူး ၊ မင်းတို့ပေါင်ပေ့လေးတွေဒီလောက်အများကြီးကိုတော့ ငါအကုန်လိုက်ဂရုစိုက်ဖို့မနိုင်ဘူး။"

ရန်ယွီရှန့်လော့ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang