ရှားဟမ့်​သည် ခဏတာ တိတ်ဆိတ်သွားပြီးသူက ရုတ်တရက် မေးလာသည်။ "ဟန်းလန်က ချန်ခိုင်းမင်နဲ့ပဲ အဆုံးသတ်ရမှာလား?"

007ကစိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်၊ ဒါမှ မဟုတ်ရင် ဇာတ်ကွက်ကို ရှေ့တိုးဖို့ ဘာလို့မင်းလို အမြောက်စာတွေ လိုရမှာလဲ"

ရှားဟမ့်လည်း သူ့ကိုယ်သူ နှိမ့်ချစွာရယ်မောလိုက်သည်။ ဟုတ်တယ်။ သူတို့နဲ့မတူတာက သူက အမြောက်စာဇာတ်ကောင်လေးသာ၊ ဇာတ်လိုက်နဲ့ ဘယ်လိုလုပ် နီးစပ်နိုင်မှာလဲ...

ရုတ်တရက် ရှားဟမ့်အနည်းငယ် ပင်ပန်းလာသည်။ သူသည်ဟန်းလန်၏ပခုံးပေါ် ညင်သာစွာမှီလိုက်သည်။ ဟန်းလန်၏ရနံ့ကို သူအလွန်နှစ်သက်သည်။ ၎င်းသည်သူ့အား မရေရာသော လုံခြုံမှုကို ခံစားမိစေသည်။

ဒီအချိန်မှာ ရှားဟမ့်ကဘာမှမတွေးချင်တော့ဘဲ ခဏတာသက်တောင့်သက်သာရှိမယ့်သူတစ်ယောက်နဲ့ အချိန်ဖြုန်းချင်ရုံသာ။

ဟန်းလန်သည် ရှားဟမ့်၏သူ့အပေါ် မှီခိုအားထားမှုကို ခံစားခဲ့ရပြီး သူ့နှလုံးသားသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ရဲ့ ရှည်လျားလှတဲ့ အချစ်မစ်ရှင်မှာ နောက်ဆုံးမှာတော့ နောက်ထပ် မှတ်တိုင်တစ်ခု ရောက်ရှိလာခဲ့လေပြီ။

ဟန်းလန်သည် စိတ်ပျော်နေခဲ့သည်။ သူ့ရဲ့ပျော်ရွှင်မှုဟာ အကြောင်းပြချက်ကောင်းကောင်း ကတော့မဟုတ်ပေမယ့်၊ သူချစ်တဲ့လူက သူ့ကို အကြွင်းမဲ့ယုံကြည်ပြီး အားကိုးနေတယ်ဆိုတာထက် ဘာကပိုစွဲမက်စရာကောင်းနိုင်မှာလဲ။

အဲဒီညမှာ သူတို့နှစ်ယောက်က စာမူတွေအကုန်မဆွဲပြီးခင် မနက် ၂နာရီအထိ အလုပ်လုပ်ခဲ့ကြသည်။ ဟန်းလန်သည် အနည်းငယ်အိပ်ငိုက်နေပြီဖြစ်သော ရှားဟမ့်ကိုကြည့်ကာ အကြံပေးလိုက်သည်။ "သွားရအောင်၊ ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"

ရှားဟမ့်ကအချိန်ကို အလျင်အမြန်ကြည့်ကာ ငြင်းလိုက်သည်။ "ရပါတယ်၊ ကျွန်တော့်အိမ်ကနီးတယ်၊ ဒါပေမယ့်ကောမြန်မြန်ပြန်သင့်တယ်နော်။"

ဟန်းလန်က ရှားဟမ်သူတို့နှစ်​ယောက်ကြား စည်းခြားနေသေးတာကို ကြည့်ပြီးအကြံကောင်း စဉ်းစားမိသည်။

ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [mm translation] {{Completed}}Where stories live. Discover now