Z a W g y i
ယောင်းမနက်ခင်း နိုးလာတော့ အရာရာပြီး ပြည့်စုံနေတယ်လို့ခံစားရတယ်
ဘာလို့လဲဆိုတာ မသိပေမယ့် နှလုံးသားကတော့ မဆိုတဲ့သူကြောင့်ပဲလို့ ပြောနေသလိုလို ပေါက်ကွဲမတက်ခုန်နေတဲ့ နှလုံးသားလေးကို လက်နဲ့ဖိကာ မဆိုတဲ့ လူမကြားအောင် ထိန်းထားရသည်
💭ဒီလိုဆိုတော့လည်း ချစ်စရာလေးပါလား အိပ်နေတာက ကလေးပေါက်စလေးလိုပဲ😁.....ယောင်းကြားဖူးတာ တစ်ခုရှိတယ် ဦးနှောက်က မမှတ်မိရင်တောင် နှလုံးသားက သူ့ကို အမြဲမှတ်မိနေတယ်တဲ့...
ယောင်းသူ့ရင်ခွင်ထဲက ကလေးပေါက်စကို အသည်းယားလွန်းလို့ နမ်းမလို့လုပ်နေစဉ်
မဆိုတဲ့ သူက ညည်းလာသည် ယောင်းလည်း လန့်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်
"မောင်က မနိုးသေးဘူးပဲ.. ကြည့်စမ်းပါဦး မရဲ့မောင်က ချစ်စရာ ကောင်းလိုက်တာ"
ယောင်း Jenပြောတာတွေကို ကြားပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်
"😘😘😘"
Jenယောင်းနှုတ်ခမ်းလေးကို ဖိကပ်ခါနမ်းနေစဉ်
ယောင်းဘက်က မျက်လုံးပွင့်လာကာ..
"Morning kissလား"💭ယောင်းနိုးနေတာလား သွားပါပြီ
"😊""မျက်နာတွေနီနေပါလား ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
ယောင်းလက်က စိုးရိမ်စွာ Jenနဖူးပေါ်သို့ရောက်လာသည်
"မဟုတ်ပါဘူး""အော်.. ဒါဆို ခိုးနမ်းပြီး ရှက်နေတာလား"
"ဟာ.. မောင်နော်... မက ဘယ်မှာရှက်လို့လဲ ကိုယ့်ချစ်သူကို နမ်းတာလေ"
"မ"
"ပြောလေ မောင်"
"မကို မမှတ်မိသေးတာ တောင်းပန်ပါတယ် "
"ရပါတယ် မောင်ရယ် နောက်ကြရင် မှတ်မိလာမှာပေါ့"
"ဒါပေမယ့်လေ မောင်.. မရဲ့ ဒီနှုတ်ခမ်းလေးတွေကိုတော့ မှတ်မိတယ် ထင်တယ်😘"
ယောင်း Jenနှုတ်ခမ်းလေးကို ဖိကပ်ပြီး နမ်းလိုက်သည်
တစ်စက္ကန့်
နှစ်စက္ကန့်
သုံး
လေး
ငါး
ခြောက်စက္ကန့်
ခုနှစ်စက္ကန့်
ရှစ်စက္ကန့်
......... ..
.. .. . . .. ..
. .. . . . .. .
.. . .. . . ..
"အဟန့် အဟန့် "