"အော်.. ဒါဆို ယောင်းက ကျွန်မကို တစ်သက်လုံးမေ့သွားတာလား"
"အဲလိုမဟုတ်ပါဘူး အချိန်အတိုင်းတာတစ်ခုထိပါပဲ ခင်ဗျားတို့က လူနာနားမှာနေပြီး သူ့ကို သတိရမှတ်မိအောင် လုပ်ပေးရင်တော့ သူတို့ မကြာခင် ပြန်သတိရလာနိုင်ပါတယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ"

"ရပါတယ် ဒါဆို သွားလိုက်ပါဦးမယ်"
........ . . .. . ... . . . . . . ..  .. .  . . ..  . . . .. . . . . . . ..
ယောင်းလည်း အိုမားနဲ့လီ ပြောထားလို့ Jen က ယောင်း လက်ထက်တော့မယ့် ယောင်းချစ်သူဆိုတာ သိထားပြီ ပြီးတော့မဆိုတဲ့သူက ယောင်းကို လီနဲ့သဝန်တိုကြောင်းလည်း လီကပြောပြထားတယ်...

ညနေတုန်းက အိုမားတို့ ပြန်ခါနည်း အိုမားက မဆိုတဲ့သူကို နားခိုင်းပြီး လီကို ညအိပ်စောင့်ခိုင်းမယ်လုပ်တော့ မဆိုတဲ့သူက သူပဲစောင့်မယ်တဲ့လေ

ဒါကြောင့် အခုလည်း အိုမားနဲ့ လီက ပြန်သွားပြီး ယောင်းအတွက် Jenကို စောင့်ပေးဖို့ထားခဲ့တယ်လေ အခုတော့ အခန်းထဲမှာ နှစ်ယောက်ထဲ
      .      .     .   .
"အဟန့်ဟန့်"

ယောင်း တိတ်ဆိတ်နေတာကြောင့် ချောင်းဟန့်လိုက်တော့ သူက
"ယောင်း ဘာဖြစ်လို့လဲ မ ဘာလုပ်ပေးရမလဲ"

"ရှင်က ကျွန်မ ချစ်သူ ဟုတ်လား"

"အင်း"ဆိုပြီး Jenခေါင်းငြိမ့်ပြလိုက်သည်
"ဒါနဲ့ ရှင်က ဘာအလုပ်လုပ်တာလဲ ယောင်းနဲ့ကော ဘယ်လိုတွေ့ခဲ့တာလဲ"

"မက ယောင်းတို့ comapny လက်တွဲလုပ်နေတဲ့ Kim companyကပါ ယောင်းနဲ့က အဲဒီမတိုင်ခင်က တွေ့ခဲ့တာပါ"

"အင်း.. ဒါနဲ့ ကျွန်မရှင်နဲ့ ဘယ်အတိုင်းအတာထိ နေခဲ့ဖူးလဲ"

"😁😁😁😂"

"ဘာလို့ရယ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး"

"ဒါဆိုဖြေ"

"😅😅"
"........."

"မနဲ့ယောင်းက ယောင်းမကို လက်ထက်ခွင့်တောင်းတဲ့ နေ့မှာပဲ အတိုင်းအတာတစ်ခုထိ အတူတူ ရှိခဲ့ပြီးပြီ"

ယောင်းJenပြောတော့ ရှက်လွန်းလို့ မျက်နှာတွေနီရဲလာသည်
Jenကတော့ မျက်နှာတွေ နီရဲပြီး ရှက်နေတဲ့ ယောင်းနားကိုလာပြီး
ယောင်းမျက်နှာနားကပ်ခါ.
"ရှင်.. ရှင် ဘာလုပ်မလို့လဲ"

My Hubby (Completed) Where stories live. Discover now