ပြန်လည်မှတ်မိဖို့ရာ ရှက်ဖို့ကောင်းသည့် အတိတ်တချို့ ရှိနေပေမဲ့လည်းပဲ ညှို့သည် သူ့အား မမှတ်မိချင်ယောင်ဆောင်လိုက်ရင်းဖြင့်ပင် မျက်နှာလွှဲကာ တုံ့ပြန်စကားဆိုလိုက်၏..။
"ကျွန်တော် ဘယ်တော့မှ လမ်းမပျောက်ဘူး..။ ကျွန်တော် ဒီလမ်းတွေရဲ့ ဖွဲ့စည်းပုံကို အလွတ်ရပြီးသား.."
ဘယ်လိုပုံစံမျိုးနှင့်ဟု ရှင်းပြရန်မဖြစ်နိုင်ပါသော်လည်း ထိုစကားသည် အမှန်ပင်ဖြစ်၏..။
တစ်ကြိမ်တစ်ခါမျှ သွားလိုက်လျှင်ပင် သူသည် ထိုလမ်းများကို မှတ်မိပြီးသားဖြစ်ကာ နောက်တစ်ကြိမ်ပြန်လည် မှတ်သားထားရန် မလိုတော့ပါချေ..။
"ရှူး..!"
ညှို့သည် သွားလက်စ လမ်းခုလတ်မှာတင်ရပ်ကာ နောက်သို့လှည့်၍ အချက်ပြလိုက်ပြီး ထိုမျက်မှန်နှင့် လူအား တိတ်တဆိတ် အသိပေးကာ ညွှန်ပြလိုက်၏..။
"အောက်ချင်းငှက်လား.."
နက်မှောင်သည့် ကိုယ်ထည် ၊ ခေါင်းထိပ်တွင် ဝါထိန်လှသော အမောက်တို့ ထင်ရှင်းသည့် အရောင်အသွေးနှင့် ငှက်တစ်ကောင်သည် သူတို့၏ မလှမ်းမကမ်းရှိ သစ်ပင်ကိုင်းတစ်ခုပေါ်တွင် နားနေပြီး..
ထိုသစ်ပင်ကိုင်းများဆီမှပင် လူတို့၏ ဆူညံသံများအား ဝေဖန်ချင်သည့် မျက်လုံးမျိုးများနှင့် ကြည့်နေခဲ့လေ၏..။
"အောက်ချင်းငှက် မဟုတ်ဘူးလား.."
သူ၏ ဘေးမှ လေသံခပ်တိုးတိုးနှင့် စကားဆိုလာသူသည် နှာရိုးပေါ်မှ မျက်မှန်ကိုင်းကို လက်ခလယ်ဖြင့် တွန်းတင်လိုက်ပြီး သစ်ပင်ပေါ်မှ ငှက်အား နောက်တစ်ကြိမ် ထပ်မံကြည့်လိုက်ပြန်၏..။
ညှို့ ကိုယ်တိုင်သည်လည်း ထိုသစ်ပင်ပေါ်မှ ငှက်အား အကြည့်မလွှဲလိုက်မိပဲ သူ့အား ပြန်ဖြေဖြစ်လိုက်သည်..။
"မဟုတ်ဘူး..။ ကံကောင်းတာက အဲဒါက အောင်လောင်းငှက်.."
"အောင်လောင်းငှက်ဆိုတော့ရော ဘာဖြစ်လဲ..။ ဘာများကွာခြားသွားလို့လဲ.."
မျက်တောင်တို့ တစ်ချက် နှစ်ချက် ပုတ်ခတ်သွားပြီး သူ၏မျက်နှာအား လှည့်ကြည့်လိုက်သော ညှို့သည် တည်ကြည်လှသော မျက်နှာထားမျိုးဖြင့်ပင်..
အဝါရောင်ဒဏ်ရာ - ၈
Start from the beginning