....

ရှောင်းကျန့်မှာ ဆန္ဒတစ်ခုရှိနေသည်
အဲ့ဒီဆန္ဒက ဝမ်ရိပေါ်နဲ့သူ တရားဝင်ပြန်ပြေလည်ဖို့ဖြစ်ပြီး
ဝမ်ရိပေါ်ကို သူ့ဘက်မှ ပြန်ပြီး proposeလုပ်ချင်ခဲ့တာဖြစ်သည်
ဝမ်ကျိုးချန်ကို အကူအညီတောင်းကြည့်တော့ surprise တိုက်ဖို့ အကြံပေးခဲ့တာကြောင့်
တစ်ခုသောညနေမှာ
ရှောင်းကျန့်က ဝမ်ရိပေါ်ကို သူအရင်အလုပ်လုပ်ခဲ့တဲ့ cafeမှာ ချိန်းဆိုခဲ့သည်
ရှောင်းကျန့်ကတော့ cafeမှာ ကြိုရောက်နေခဲ့တာပေါ့
အရာအားလုံးကို သူကိုယ်တိုင်ပြင်ဆင်ချင်လို့လေ

ညနေ 6နာရီမှာချိန်းဆိုထားတာဖြစ်ပြီး
ငါးနာရီခွဲမှာမှာတော့ ဆိုင်အပြင်အဆင်တွေအားလုံးပြီးသွားခဲ့လေသည်
ပြီးနောက် ရှောင်းကျန့်က ဆိုင်ရဲ့ စတိုခန်းထဲမှာပဲ သူ့ကိုယ်သူသပ်ရပ်အောင် ပြင်ဆင်ခဲ့သည်
6နာရီထိုးဖို့ ငါးမိနစ်အလိုမှာ ပြင်ဆင်ခြင်း ပြီးဆုံးသွားလေသည်
ဒါကြောင့် သူတို့နှစ်ယောက်အတွက် သီးသန်ပြင်ထားတဲ့ခုံမှာ အသင့်ထိုင်ပြီး စောင့်နေလိုက်တော့သည်
ရှောင်းကျန့်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဝမ်ရိပေါ်အား စောင့်ရင်း နာရီတကြည့်ကြည့်ဖြစ်နေခဲ့ရသည်

လက်တံအရှည်ဟာ တစ်ဖြည်းဖြည်း လှည့်ပတ်ရင်း အချိန်တွေကျော်လွန်သွားခဲ့ပေမယ့်
စောင့်နေသူဟာ ရောက်မလာနိုင်သေး

ဝမ်ရိပေါ်က ထိုနေရာ 7နာရီထိုးဖို့ မိနစ်ပိုင်းအလိုလောက်မှာ ရောက်လာခဲ့ပြီး
မောပန်းနေဟန်လည်း ရှိနေသည်
သူဝမ်ရိပေါ်ရဲ့အလုပ်ရှိနေခဲ့လို့များလားလို့ ထင်ရအောင်လည်း ဝမ်ရိပေါ်ရဲ့
schedule က 5နာရီနောက်ပိုင်းထဲက အကုန်ရှင်းနေအောင် သူစီစဥ်ခဲ့ထားတယ်မလား

"နောက်ကျတယ်နော် "

"ကိုယ့်ညီနေတဲ့ ကွန်ဒိုဆီသွားခဲ့လို့ "

"အာ.... အထွေအထူးကိစ္စရှိခဲ့လို့လား"

"အွန်း စိတ်ဖိစီးပြီး အိပ်ဆေးတွေ သောက်ပစ်လို့တဲ့ လီဖန်အာ က လှမ်းဆက်သွယ်လို့ သွားတာ
ဆရာဝန်လည်းခေါ်ပေးခဲ့တယ်"

"အဆင်ပြေသွားတယ်မလား "

"အွန်းး တစ်ခုပဲ လီယိုက ရှောင်းကို သဘောကျနေကြောင်း သိခဲ့ရတယ်"

You've reached the end of published parts.

⏰ Last updated: Sep 10, 2022 ⏰

Add this story to your Library to get notified about new parts!

Unforgivable [completed]Where stories live. Discover now