Part 19

3.3K 277 3
                                    

ထင်တဲ့အတိုင်းပဲ မနေ့က ကျိုးချန်ရဲ့ ပွဲပြီးကတည်းက
အိမ်ပြန်မလိုက်လာတဲ့ ဝမ်ရိပေါ် "သွားစရာရှိလို့ " ဆိုတဲ့ စကားတစ်ခွန်းတော့ သူ့ကိုပြောလာခဲ့တယ်
အတိတ်မှာတုန်းကတော့ ကျိုးချန်ပွဲက အပြန်
အိမ်မရောက်ပဲ ပျောက်သွားတာကြောင့်
ဝမ်ရိပေါ် အပေါ် သံသယကြီးကြီး ဝင်ခဲ့တယ်
ယခုတော့ အဲ့လိုအတွေးမျိုးမရှိ
ဝမ်းပါးဆေးရုံသွားတာပဲ ဆိုပြီး သိလိုက်ရတယ်
သူလည်းအတိတ်တုန်းက ဝမ်ရိပေါ်အပေါ် သေးငယ်တဲ့ အထင်လွှဲမှုတွေ ရှိခဲ့ဖူးတာပဲ

ရှောင်းကျန့် ဒီနေ့ ထူးထူးခြားခြား စိတ်ပေါ့ပါးနေတာမို့
အလုပ်သွားရတာ တက်တက်ကြွကြွပဲ

အလုပ်လုပ်ရတာက အစအဆင်ပြေနေရော

customerတိုင်းကို အပြုံးချိုချိုနဲ့ ဆက်ဆံနေခဲ့ပေမယ့်
ရှောင်းကျန့်က ဒီတစ်ယောက်ကိုတော့ပြုံးမပြနိုင်
ဘယ်လိုပဲ ဝယ်သူဖြစ်နေခဲ့ဖြစ်နေခဲ့
ဘယ်လိုပဲ အပြုံးတွေနဲ့ ဆက်ဆံလာပါစေ
ဒီတစ်ယောက်ကိုတော့ ရှောင်းကျန့် အပြုံးနဲ့မဆက်ဆံနိုင်

counterရှေ့မှာ အဝါရောင် ဟူဒီပွပွထဲနစ်နေတဲ့ ဒီကောင်လေး
ချစ်စရာကောင်းအောင်ပြုံးပြပြီး Cappuccino တစ်ခွက်မှာ တဲ့ ကောင်လေးက သိပ်ချစ်စရာကောင်းနေပေမယ့် ရှောင်းကျန့်အတွက် မဟုတ်ခဲ့
ဘာကြောင့် ဒီမျက်နှာက သူ့ရှေ့ကို စောစီးစွာ ရောက်လာရပါသလဲ
အချိန်မတန်သေးတာတောင် သူ့အပေါ် ရက်စက်ချင်နေတဲ့ ကံတရားပဲ

ဒီကောင်လေးသူ့ရှေ့က မြန်မြန်ပျောက်ကွယ်သွားအောင်
မှာထားတာကို မြန်မြန်ပေးလိုက်သည်

"ကျေးဇူးပါ ကောကော
ပြုံးရင်အရမ်းလှတယ်နော်
တည်တည်ကြီးမနေပါနဲ့ "

ဖန်အာသည် လီယိုပေးတဲ့တာဝန်အရ
ဒီကောကောလှလှလေးကို ဓာတ်ပုံလာချောင်းရိုက်တာဖြစ်သည်
လီယို တော်တော်ဖြစ်တာလည်း မပြောနဲ့
ကောလှလှလေးရဲ့ အပြုံးမှာ သူတောင်ငေးခနဲ
ဒါပေမဲ့ ကောကောက သူ့ကိုမြင်တာနဲ့ ရုပ်တည်ကြီးဖြစ်သွားတာမို့ သူလည်း မနေနိုင်စွာ
ပြောလိုက်မိခြင်း
လေထုအခြေအနေက ထူးဆန်းသွားတာမို့
မှာထားတာရော ပုံပါအတော်အသင့်ရနေပီဖြစ်တာကြောင့်လှစ်ခနဲ ပြန်ထွက်လာခဲ့သည်

Unforgivable [completed]Wo Geschichten leben. Entdecke jetzt