Part 21

3.5K 305 2
                                    


🐇Zawgyi🐇

ရှောင်းကျန့်က ကျိုးချန်ဆီ ဖုန်းဆက်ပြီးမေးခဲ့သည် ဝမ်ရိပေါ်ရဲ့ အကြောင်းကို သေချာသိရဖို့ပေါ့
အများကြီးတောင်မမေးလိုက်ရ
အားတက်သရောပြောပြလာသည်
ဒီရက်ပိုင်း ဝမ်ရိပေါ် ဘယ်လောက်အလုပ်ရှုပ်နေကြောင်း
အလုပ်တစ်ဖက်နဲ့ ဝမ်ပါးအား ဆေးရုံစောင့်ပေးနေရကြောင်း
အလုပ်များနေတဲ့ ဝမ်ရိပေါ်အား နားလည်ပေးဖို့နဲ့ အထင်လွဲပြီး စိတ်မကွက်ဖို့ပါ မှာကြားနေသေးသည်
ကျိုးချန်ဟာ သူ့သူဌေးဘက်က အပြည့်အဝရပ်တည်ပေးနေသည်ပဲ
ဘာပဲပြောပြော ကျိုးချန်ဆီမှ ဝမ်ပါးဆေးရုံလိပ်စာ ရသည်မို့
ဆေးရုံသွားကြည့်ဖို့တော့လုပ်ရမည်
ယောက္ခထီးကြီးတစ်ယောက်လုံးမကျန်းမမာဖြစ်နေတာမလား
ဒါကို ဝမ်ရိပေါ်က ဘာအတွက်ဖုံးကွယ်ထားသည်မသိ ဝမ်ပါးနိုင်ငံခြားမှာဟုပင် လိမ်ညာထားသေးသည်
အတိတ်မှာတုန်းကလည်း ခုလို လိမ်ညာထားတာပဲလား ဝမ်ရိပေါ် ဘာအတွက်လဲ

......

ဝမ်ပါးပါးဟာ မနက်ဖြန်မှာ ခွဲခန်းဝင်ဖို့ရှိနေတာမို့
ဒီရက်ပိုင်း ဝမ်ပါးအား ဂရုစိုက်ပေးနေရသည်
လူကြီးဆိုသော်လည်း
အသက်ဘေးနဲ့ရင်ဆိုင်ရမည့်အခါ အားငယ်တတ်သည်ပဲမလား

ဒီနေ့မှာတော့ meetingတစ်ခုဟာ အရေးကြီးသည်မို့
ဝမ်ရိပေါ် companyသို့သွားခဲ့ရသည်
အလုပ်ကိစ္စကို မြန်မြန်ဖြတ်ပြီး ဆေးရုံသို့မြန်မြန်ပြန်လာရသည်

သို့သော်အပြန်မှာ မထင်မှတ်ထားစွာ ဝမ်ပါးရဲ့အခန်းမှာ ရင်းနှီးနေတဲ့ကျောပြင်လေးအား
တွေ့လိုက်ရသည်မို့
ဝမ်ရိပေါ် စိတ်တို့လှုပ်ရှားသွားရသည်
ရှောင်းကဘယ်လိုလုပ်
ရောက်လာရတာလဲ 
ရှောင်းအတွေးများမှာ စိုးလို့တောင် တမင်ဖုံးထားတဲ့ဟာ
ဝမ်ကျိုးချန်လက်ချက်ပဲဖြစ်မယ်
မပြောဖို့အတန်တန်သတိပေးထားတဲ့ကြားက
ပြောဖြစ်အောင် ပြောလိုက်သေးတာ

ခုမှတော့ ဝမ်ရိပေါ်လည်း ဘာမှမတတ်နိုင်တော့ပြီမို့ အခန်းထဲ ဝင်သွားရုံသာ ရှိတော့သည်

"ရှောင်း "

မရဲမဝံ့အသံလေးဖြင့်ခေါ်လိုက်တော့
လှည့်ကြည့်လိုက်တော့
မသာမယာမျက်နှာလေးလှည့်ကြည့်လာတဲ့ ရှောင်း
မဟုတ်မှ ရှောင်းအကြောင်းစုံသိပြီးနေတာများလား
ဝမ်ပါးအား ကြည့်လိုက်တော့ မျက်လုံးချင်းပင် အဆုံမခံ
ဝမ်ပါးတို့ ပြသနာရှာလိုက်ပြီပဲ

Unforgivable [completed]Where stories live. Discover now