Part 3

5.1K 390 10
                                    

ရှောင်းကျန့် ရိပေါ် မနိုးခင် ထိုအိမ်မှ ထွက်လာပြီး
သူ့ကိုယ်ပိုင် ကွန်ဒိုဆီပဲ ပြန်လာခဲ့သည်
ဒီနေရာမှာ ပြသနာကြီးကြီး ဖြစ်သွားခဲ့ပေမယ့် ရှောင်းကျန့် ဒီနေရာကိုပဲ ပြန်ရွေးချယ်သည်
ဒါမှ ရိပေါ်မှာ အချစ်သစ် ရှိလာမယ့် ဖြစ်ရပ်ကို မမေ့မှာ
ရိပေါ်အားသိပ်ချစ်ခဲ့ဖူးသော မိမိအတွက်
ရိပေါ်ရဲ့ ချော့မော့ မှုတွေကြား ပြန်ပြီး စိတ်မယိုင်ပါဘူး ဆိုပြီး လည်း ကိုယ့်ကိုယ်ကိုယ်လည်း မယုံကြည်နိုင်ပါ

ရှောင်းကျန့် ကွန်ဒိုသို့ ရောက်သည်နှင့်
ရိပေါ် နဲ့ နှစ်ယောက်နေမည့်အိမ်သို့ ရွှေ့ရန်စီစဥ်ထားသော အထုပ်အပိုးများအား
ပြန်လည်နေရာချရသည်
လူ့ဘဝကြီးမှာ နေရတာ ဆန်းကြယ်လှသည်
အနာဂတ်ကို ဖြတ်ကျော်ဖူးသော မိမိအဖို့
လက်ထပ်ကာစ တိုတောင်းလွန်းလှသော ပျော်စရာ အချိန်ခနသည်
အနာဂတ်မှာ တနင့်တပိုး ခံစားရဖို့ ထိုက်တန်လို့လားဟု တွေးမိသည်
ပြီးတော့ အရင်က ဒီလိုအချိန်မှာ ပျော်ရွှင်နေခဲ့ဖူးသော ရှောင်းကျန့်အား ခေါင်းသွားခေါက်ချင်သည်

ရှောင်းကျန့် အတွေးများအား
ခေါင်းခါ ဖယ်ထုတ်လိုက်လိုက်ပြီး
လုပ်လက်စ အလုပ်အား လက်စသတ်ကာ
ရေမိုးချိုးပြီးနောက်
ကော်ဖီပူပူလေးတစ်ခွက်နှင့် ပေါင်မုန့်အားပြင်ကာ TV ရှေ့သွားထိုင်သည်
ဒီလိုဆိုတော့ ဘဝကြီးက သာယာပါသည်
စိတ်ညစ်စရာတွေ မတွေးပဲ
TVပဲ ကြည့်မယ်ဆို ပြီးဖွင့်လိုက်ကာမှ
Channelတိုင်းက မနေ့ကကျင်းပထားတဲ့ မိမိနှင့် Wang CEOတို့ ထိမ်းမြားသတင်းတွေကြည့်သာ
ရှောင်းကျန့် စိတ်လေသွားပြီး

TVအား ပိတ်ကာ ဖုန်းအားဖွင့်လိုက်ကာမှ
ပိုပြီး သေချင်သွားသည်
Lock screenမှာ cover photoက
နှစ်ယောက်သား အနမ်းပေးနေတဲ့ pre weddingပုံကြီး
ချီးပဲ
ဝမ်ရိပေါ်ရေ မင်းက နေရာတကာပါနေလိုက်

ရှောင်းကျန့် စိတ်တိုတိုနဲ့ lock screen နဲ့ home screen
cover အကုန်ပြောင်းမယ်ဆိုပြီး ပုံရွေးလိုက်မှ မိမိကိုယ်ကို သတ်ချင်သွားသည်
ဖုန်းထဲမှ ပုံအားလုံးနီးပါးက နှစ်ယောက်တွဲပုံနှင့် ရိပေါ် တစ်ကိုယ်တည်း ပုံတွေ

Unforgivable [completed]Where stories live. Discover now