Part 4

4.7K 352 4
                                    

စားပွဲတစ်ခုတွင် တစ်ဖက်တစ်ချက်ဆီ ထိုင်နေသူနှစ်ယောက်တွင်
တစ်ယောက်က ဟင်းမျိုးစုံကိုယူတာ
ကျန်တစ်ယောက်ကို ထည့်ပေးနေပေမယ့် ကျန်တစ်ယောက်ကတော့
အစားအစာများအားကြည့်ပင်မကြည့် မျက်နှာပင် လွှဲ၍ထားသည်

"ရှောင်း စားလေ
ကိုယ် Company သွားရအုံးမှာ "

မဖြေ မျက်နှာလွှဲထားဆဲ

"ရှောင်းမစားမချင်းကိုယ်ဘယ်မှသွားမှာ မဟုတ်ဘူးနော် "

ထိုသို့ဆိုမှ မျက်နှာပြန်လှည့်လာပြီး ပါးစပ်
ထဲသို့ အစားအစာတစ်ချို့ကို ကောက်ထည့်သူ
ရိပေါ် ပြုံးလိုက်မိသည် ရှောင်းပုံစံက ကလေးလေးတွေ စိတ်ကောက်နေသလိုမျိုး အသည်းယားဖို့ ကောင်းသည်

"ကိုယ်တို့ Company လိုက်ခဲ့ မလား"

ရှောင်းကပြန်မဖြေ နှာခေါင်းရှုံ့ပြသည်
သဘောက သူမလိုလားဘူးဆိုတဲ့ပုံစံမျိုး

"မလိုက်ရင်နေပါ ရှောင်းပျင်းနေမှာဆိုးလို့ ကိုယ် အဖော်နှစ်ယောက်ခေါ်ထားတယ် "

ရိပေါ်က မျက်စာပစ်ပြတာကြောင့် ယောင်ယမ်းကာ လှမ်းကြည့်လိုက်
အမဲရောင်ဝတ်စုံပြည့်နဲ့ လူနှစ်ယောက်
လွန်လွန်းတယ်ရိပေါ်
ငါ့ကို ကျတော့ စောင်ကြည့်ဖို့လူတွေနဲ့ မင်းကျတော့ လုပ်ချင်ရာ လုပ်မှာမလား

ရှောင်းကျန့် ဝမ်ရိပေါ်နှင့် မျက်နှာချင်းဆိုင်လို စိတ်ကို မရှိတော့သဖြင့်
ထမင်းစားခန်းမှ ထွက်ကာ အပေါ်ထပ်ကို တက်လာခဲ့တော့သည်
မင်းလွှတ်မပေးလည်း ဘာအရေးလဲ
ငါက မပတ်သတ်ရင်ပြီးတာပဲဟာ

....

နေ့လည်လောက်ကျတော့
ရှောင်းကျန့် အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းရိလာပြီ
လက်ထပ်ပွဲမတိုင်ခင်ထဲက အလုပ်က ထွက်ထားလိုက်မိတာ အတော်ဆိုးသည်
မဟုတ်ရင် သူငယ်ချင်း ကျိုးချန်နဲ့ဆို
ပျင်းနေရမှာ မဟုတ်ဘူး
တစ်ခုတော့လည်း ကောင်းပြန်သေးတာပဲ
ဝမ်ရိပေါ်ရဲ့ လက်အောက်မှာ အလုပ်မလုပ်ရတောဘူးပေါ့
ကျိုးချန်နဲ့က အပြင်မှာ တွေ့လို့ရတာပဲဟာ
သူ့လက်အောက် က လွတ်တာပိုကောင်းတာပေါ့

Unforgivable [completed]Where stories live. Discover now