[11]

429 31 9
                                    

Unicode

အချစ်ရှိသည့် နေ့ရက်တိုင်းက သာယာ၏။

ကြီးမှ ဝက်သတ်ပေါက်တယ် ပြောလဲ သူကတော့ အပြောခံမှာပဲ။ ကိုယ့်ချစ်သူဆီကနေ { ကိုယ်ရဲ့ကောင်လေးက ချစ်ဖို့ကောင်းတယ် }ဆိုပြီး တီတီတာတာ message လေးတစ်စောင် ရလိုက်တာ က ဘုန်းဉာဏ် Group တစ်ခုလုံးရဲ့ CEOနေရာကို ရလိုက်တာထက် ပိုပြီးပျော်ဖို့ကောင်းနေတယ်။

ကိုသျှန်းက အခြားသူတွေနဲ့ဆို ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်ပြီး လိုအပ်တာထက် စကားပိုမပြောတတ်ပေမဲ့ သူနှင့်ဆိုလျှင်တော့ အဲ့လိုမဟုတ်။ ပေါ့ပေါ့ပါးပါး နေတတ်ပြီး စိတ်ထဲရှိတာ ထုတ်ပြတတ်တယ်..အဓိကက သူဖြစ်နေတာကြောင့်ပဲ။

နောက်ဆုံး Message လေးကို ဖွင့်ဖတ်လိုက် အိပ်ရာပေါ်မှာလူးလိမ့်နေလိုက်နှင့် ဘယ်လိုမှ အိပ်လို့မရတာကြောင့် ထထိုင်လိုက်ပြီး အိပ်မပျော်လျှင် သွားနေကျ နေရာဖြစ်သည့် လသာဆောင်သို့ သွားရန်စိတ်ကူးမိသည်။

နွေရာသီကာလရဲ့ ညသန်းခေါင်အချိန် ဖြစ်နေပေမဲ့ လသာဆောင်သို့ သွားနေသည့် လမ်း တစ်လျှောက်လုံး အေးစိမ့်စိမ့် ဖြစ်နေသလိုပဲ

* အင်္ကျီမဝတ်ထားလို့ နေမှာပါ *

သီချင်းတညည်းညည်းဖြင့် လမ်းလျှောက်လာရင်း
လသာဆောင် ဝရံတာတွင် ရင်းနှီးနေသည့် ပုံရိပ်ကိုမြင်လိုက်တာကြောင့် မျက်မောင်းကြုတ်လိုက်မိသည်။

* ဒီနေရာကို ရောက်နေပြန်ပြီ *

" အဟမ်း... တွေ့ပြန်ပြီနော် "

ထိုသူက လွန်ခဲ့တဲ့ သုံးရက်က တွေ့ခဲ့သည့် အတိုင်း နောက်ကျောပေးရပ်နေကာ သူလှမ်းခေါ်လိုက်မှ ပြုံး၍ လှည့်ကြည့်လာသည်။

"သြော်...ရိုင်ယန်
အိပ်မပျော်လို့ဒီကို ထွက်လာတာလား "

" ရိုင်ယန်တဲ့လား အဲ့ဒီနာမည်ကိုဘယ်လိုသိလဲ "

" မင်းအစ်ကိုကြီး ပြောပြတာလေ။ ရင်းရင်းနှီးနှီးဖြစ်အောင် ကိုယ်လည်း ခေါ်လို့ရတယ်မလား "

" ရပါတယ် အဆင်ပြေသလိုခေါ်ပါ။
အဲ့ဒီနာမည်က နိုင်ငံခြားက ဦးလေးပေးခဲ့တာလေ ကျွန်တော်မကြားရတာတောင်ကြာနေပြီ "

𝐍𝐢𝐠𝐡𝐭𝐦𝐚𝐫𝐞𝐬 Where stories live. Discover now