အပိုင်း { ၃၇ }

Start from the beginning
                                    

ဒေါ်နန်းစကားကြောင့် ဒေါ်လေးမြိုင်ကပြုံး၏။ ဒေါ်လေးမြိုင်ကို ဒေါ်နန်းက ခွန်စိုင်းရွေးချယ်မှု့နဲ့ပက်သတ်ပြီးပြောလာခဲ့ကတည်းက ဒေါ်မြိုင်စိတ်ထဲမှားယွင်းနေတယ်လို့မခံစားခဲ့ရဘူး။ဒါက အချစ်တစ်ခုပဲလေ။ မိန်းကလေးမှချစ်ရမယ်မဆိုလိုဘူးမဟုတ်လား နောက်ပြီး သားခွန်စိုင်းက အမြဲတမ်းသူ့ဆုံးဖြတ်ချက်ကိုသူ့သိသည်။ ကိစ္စတစ်ခုကိုမနိုင်ဝန် ထမ်းမှာမဟုတ်ဘူးလေ။ သူဒီကောင်လေးကိုရွေးချယ်ပြီးပြီဆိုရင်လည်း နောက်လှည့်မှာမဟုတ်မှန်း အဒေါ်ဖြစ်တဲ့သူမအသိဆုံး ဒါ့ကြောင့် ဒေါ်နန်းကိုပဲ သူမ နားချခဲ့ရတယ်။

" သားခွန်စိုင်းက အဲ့ကလေးအပေါ်တကယ်ချစ်နေတာပဲ မြိုင်တို့ကဘာလို့သားစိတ်ချမ်းသာအောင်လက်မခံပေးရမှာလဲ "

ဒေါ်နန်းလည်းခေါင်းငြိမ့်၏။

" နန်း လည်းသိပါတယ်မြိုင်ရယ်။ နန်း အရင်ကစိတ်ပူခဲ့တယ်ဆိုတာ သိတဲ့အတိုင်း သားတို့ကယောက်ကျားလေးတွေမဟုတ်လား။ခဏတာသာယာမှု့ကြောင့်ဖြစ်မှာစိုးရိမ်လို့ပါ "

" အရင်ကထားလိုက်တော့။အခု နန်း သူတို့လေးတွေကိုလက်ခံပြီလား။ "

" ဟင်းဟင်း..လက်မခံလို့ရရိုးလားမြိုင်ရယ်။ တဖက်ကလေးကဘယ်လိုလဲတော့ နန်းမသိဘူး..မြိုင့် တူတော်မောင်ကတော့ သဲသဲကိုလှုပ်နေရော။ သူ့ငချဥ်မှ သူ့ငချဥ်ဖြစ်နေပြီ။ "

" အဟင်း ဟုတ်ပါ့နော်။ကဲ ဒါဆိုလည်း သားခွန်စိုင်းကိုပြောလိုက်လေ ဧည့်သည်ပါခေါ်ပြီးအိမ်ပြန်လာဖို့။ "

" နန်း သားဆီစာပြန်လိုက်ပါ့မယ်။ "

" အေးအေး။ ငါ့တူလေး သူ့အမေဆီက ပြန်စာ ရရင် ဘယ်လောက်တောင်ပျော်နေမလဲမြင်ယောင်ပါတယ်ဟယ်။ "

ဒေါ်နန်း နဲ့ ဒေါ်အမြိုင်တို့နှစ်ယောက် ခွန်စိုင်းအကြောင်းပြောရင်း သဘောကျလျှက်ပြုံးရွင်လို့နေ၏။

-----------

" နှစ်ရက်ခန့်ကြာသော် "

ဒဏ်ရာတွေသက်သာလို့ထူထူထောင်ထောင်ဖြစ်နေတဲ့ ခွန်စိုင်းတစ်ယောက် အိမ်ရှေ့ကအရိပ်ကွပ်ပျစ်မှာထိုင်ကာ မျက်နှာမကောင်းမှိုင်တွေလို့နေသည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now