အပိုင်း { ၂၃ }

45.4K 3.3K 631
                                    

                       [ Unicode ]

နောက်တစ်နေ့မနက်ခင်း အိမ်ငယ်လေးရဲ့အရှေ့ဘက်ဆီက မနက်ခင်းထွန်းလင်းစနေရောင်ခြည်တိုးထွက်လာတဲ့အခါ နေစေးသည် ချစ်ရသူကိုရင်ခွင်ထဲထွေ့ပွေ့လျှက်..မျက်ခုံးတို့ တွန့်ချိုးစွာနိုးလာခဲ့သည်။

နိုးလာတာနဲ့ နေစေးသည် သူ့လက်မောင်းကိုခေါင်းအုံးအိပ်လျှက် ရင်ခွင်ထဲတိုးဝင်၍အိပ်​ပျော်နေတဲ့ ခွန်စိုင်းလေးကိုကြည့်လိုက်သည်။ အဝတ်စလစ်ဖြင့် ဘေးတစ်စောင်းအိပ်ပျော်နေတဲ့ ခွန်စိုင်းရဲ့မျက်နှာလေးတစ်ခြမ်းသာမြင်နေရသော်လည်းလှပမှု့ကစိုးစင်းမျှလျှော့သွားခြင်းမရှိ။ မထူမပါးမျက်ခုံးလေးနဲ့ ရှည်လျှားတဲ့မျက်တောင်လေးတွေကော့စင်းကာ တုပနိုင်စရာမရှိတဲ့အလှမျိုး။

ဒါ့အပြင် မနေ့ညကငိုထားတဲ့အရှိန်ကြောင့်မျက်လုံးအောက်နားမှာနီရဲလို့နေပြီး မျက်လုံးထောင့်နားက သေးငယ်တဲ့မှဲ့နက်လေးက ဖြူဖွေးတဲ့ ခွန်စိုင်းအသားအရည်လေးမှာထင်ပေါ်လို့နေတော့သည်။ အိပ်ပျော်နေဆဲ ခွန်စိုင်းရဲ့မျက်နှာလေးဆီက မနက်ခင်းလှသွေးကြွနေတဲ့ပုံစံလေးအားကြည့်ရင်း နေစေးရဲ့အကြည့်တွေက လည်တိုင်ဖြူလေးဆီအရောက်မှာ ကိုယ်တိုင်ပင်မယုံနိုင်အောင် မျက်ခုံးပင့်သွားမိသည်။

ခွန်စိုင်းရဲ့ အပြစ်အနာအဆာမရှိတဲ့လည်တိုင်ဖြူလေးဟာ နေစေးလက်ချက်ကြောင့် လည်တိုင်နဲ့ဂုတ်အနားတွေမှာ စုပ်ကွက်အနီရင့်ရင့် တို့နှင့် ကိုက်ကာတစ်ချို့ရှိနေပြီး တစ်ချို့နေရာတွေဆိုလျှင် အညိုပုတ်ရောင်ပင်ထနေသည်။ ဒါတင်မကသေးပါ.. ခွန်စိုင်းရဲ့အဝတ်စလစ်ဖြစ်နေတဲ့ ခန္ဓာကိုယ်လေးဟာ စောင်ပါးလေးတစ်ထည်ဖြင့်ခါးနားတစ်ဝှိက်နှင့် တင်ပါးလုံးလုံးလေးတွေကိုဖုံးကွယ်ယုံလောက်ခြုံထားတာကြောင့် ခါးက လက်ဝါးရာထင်းထင်းကြီးကိုလဲတွေ့လိုက်ရသေးသည်။

ခြုံကြည့်မယ်ဆိုလျှင် နေစေးရင်ခွင်ထဲမှာ ခွေခွေလေးအိပ်မောကျနေတဲ့ ခွန်စိုင်းခန္ဓာကိုယ်ပေါ်မှာ အဝတ်စလစ်ဖြစ်နေပြီး တကိုယ်လုံးလဲ နေစေးလက်ချက်ကြောင့် အချစ်အမှတ်အသားတွေအမှတ် ခါးကိုဆုတ်ကိုင်ထားတာကြမ်းတမ်းသွား၍ လက်နှစ်ဖက်ရာကြီးရှိနေတာကြောင့် နေစေးမှာ ကြမ်းတမ်းတဲ့ကိုယ့်ကိုကိုယ့်အပြစ်တင်မိသွားသည်။ ခွန်စိုင်းကိုယ်ပေါ်က သူလုပ်ထားခဲ့မိတာတွေကိုကြည့်ပြီး နေစေးမှာ ကိုယ့်ကိုကိုယ်အပြစ်တင်နေမိပြီး ခွန်စိုင်းခေါင်းကို ခေါင်းအုံးပေါ်သို့အသာလေးပြောင်းရွှေ့ပေးလိုက်တော့ သူ့လက်မှာအပူငွေ့နည်းနည်းလေးခံစားလိုက်ရတာကြောင့် စိတ်ပူသွားရသည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now