အပိုင်း { ၃၄ }

20K 2.1K 115
                                    

Unicode ။

စိုင်းလုံနဲ့ဂျင်မီ သည် သူတို့လက်ထဲကတဖက်သူလျှိုဆီကရတဲ့တိုက်ပွဲအစီစဥ်မြေပုံကိုရလိုက်တာကြောင့်ပျော်ရွင်နေကြသည်။ ဒီမြေပုံအတိုင်းဆိုရင် သူတို့အနေနဲ့ ဦးဆောင်သူရဲ့တပ်ဖွဲ့အကူတွေမလာခင်မှာပင် နယ်မြေတစ်ချို့ကိုအုပ်စုခွဲပြီးတတ်သိမ်းလို့ရနေချေပြီမဟုတ်လား။ ဒါ့အပြင့် လက်ရှိမှာ သူတို့ရဲ့စုဆောင်းလူအင်အားနဲ့နယ်စပ်စခန်းလေးကိုအရင်သိမ်းနိုင်ပေမယ့် ဂျင်မီရဲ့ ' လူအင်အားရော လက်နက်အင်အားရောပြည့်စုံတဲ့အချိန်မှတိုက်ရင် ကိုယ့်ဘက်ကအထိနာသက်သာတယ် ' ဆိုတဲ့စကားကြောင့် စိုင်းလုံမှာငြိမ်နေရသည်။ အစက စိုင်းလုံအတွက် ဒီတိုက်ပွဲကမသေချာတဲ့အခြေအနေတစ်ခုဖြစ်မှာစိုးရိမ်နေပေမယ့် အခုတော့ထိုသို့စိုးရိမ်ဖို့မလိုအပ်တော့ချေ။

ဂျင်မီသည် စိုင်းလုံရဲ့ဝမ်းသာအားရနေတဲ့မျက်နှာကိုကြည့်ပြီး ဆေးတံကိုခပ်ဖွဖွ ဖွာရှိုက်ကာခေါင်းညှိမ့်နေသည်။

" ဘယ်လိုလဲ ကိုယ့်လူ..ကျုပ်ရဲ့အစီစဥ်ကထင်ထားတာထက်ပိုကောင်းတယ်မလား "

စိုင်းလုံ မျက်လုံးတွေကမြေပုံပေါ်ကမရွေ့တစ်ခုခုကြံစည်နေသယောင်နဲ့ပြောလာသည်။

" အဲ့တာအမှန်ပဲ။ ကျုပ်တို့လက်ထဲမှာသူတို့ရဲ့အားနည်းချက်ရှိနေသ၍ ကျုပ်တို့သူတို့ကိုအသာလေးတိုက်ယူလို့ရတယ်။ ကိုဂျင်မီကိုတော့ မလေးစားပဲမနေနိုင်တော့ဘူး "

" ဟားဟားဟား ကျုပ်ကမပိုင်ရင်ဘယ်အရာမှမလုပ်ဘူးဆိုတာ ခင်ဗျားသိသင့်တယ်လေ "

" ဒါနဲ့ နေပါဦး..တဖက်ကသူလျှိုနဲ့ခင်ဗျားဘယ်လိုပူးပေါင်းမိသွားတာလဲ။ ကျုပ်လုံးဝထင်မထားတာအဲ့တာပဲ "

ဂျင်မီက ဆေးတံဖွာရင်း ထိုင်နေရာမှထရာ လမ်းလျှောက်ရင်းဖြေလာသည်။

" လူဆိုတာ လောကသားကောင်တွေပဲမဟုတ်လား၊ မင်းတို့ငါတို့လဲ အခုတိုက်မယ့်တိုက်ပွဲမှာ ဦးဆောင်သူသိမ်းပိုက်ထားတဲ့နယ်မြေကိုလိုချင်လို့ လုယူတိုက်တာပဲ။ အေး အခုလည်းအဲ့အတိုင်းပဲ..ဒါပေမယ့် အဲ့ဒီ့လူကတော့သနားစရာပဲ "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now