အပိုင်း { ၂၁ }

33.4K 3.2K 345
                                    

                          [ Unicode ]

ဒီနေ့မှာ ခွန်စိုင်းဟာ ဘကြီးကိုအိမ်ပြန်ဖို့အတွက်ခွင့်တောင်းပြီး နောက်နှစ်ရက်အတွင်းပြန်ဖို့စီစဥ်ထားပြီး ခွန်စိုင်းပြန်မယ့်ကိစ္စနဲ့ပက်သတ်ပြီး နေစေးမျက်နှာသိပ်မကောင်းသော်လည်း ခွန်စိုင်းကိုပိတ်ပင်ခြင်းတော့ မရှိတော့ပါ။ စာထဲကအကြောင်းအရာတစ်ချို့မသိ​သေးတာကြောင့်လဲပါမှာပေါ့ ။

ဒီရပ်ရွာလေးမှာနေခဲ့စဥ်တစ်လျှောက်ခွန်စိုင်း အတွက်များစွာသောအမှတ်တရတွေရှိခဲ့တာကြောင့် ပြန်ဖို့အတွက် ခွန်စိုင်းကိုယ်တိုင်တွန့်ဆုတ်နေမိပေမယ့် အိမ်မှာ မေမေစောင့်နေတာကြောင့် ခဏတဖြုတ်ကတော့ ပြန်မှဖြစ်မည်။

မနက်စာစားပြီးတာကြောင့် ခွန်စိုင်း၊ နေစေး နဲ့ ဘကြီးတို့ အိမ်ရှေ့ကွပ်ပျစ်မှာ ရေနွေးကြမ်းထိုင်သောက်နေတဲ့အချိန်မှာ ခွန်စိုင်းက ဘကြီးကိုပြောသည်။

" ဘဘကြီး ကျွန်တော်တစ်ခု​လောက်ခွင့်တောင်းချင်လို့ "

" ဘာများတုန်းလူလေး ပြောလေ "

" မနေ့က မေမေ့ဆီကစာလာတယ်၊ ကျွန်တော်ဒီရွာအလည်အပတ်လာတာလဲရက်အတော်ကြာပြီဆိုတော့ မေမေကအိမ်ပြန်လာစေချင်ပြီ "

" အိမ်း အဲ့တာတော့လည်း ဟုတ်တာပေါ့ကွယ်၊ သားသမီးနဲ့မိဘ ဒီလောက်ရက်အတော်ကြာတော့ စိတ်ပူနေမပေါ့လေ "

" ဟုတ်ကဲ့ဘဘကြီး "

ဘကြီးကစဥ်းစားချင့်ချိန်စွာနှင့် ခေါင်းတညှိမ့်ညှိမ့်နဲ့ပြောနေသည်။ ခွန်စိုင်းဟာ ဘကြီးနဲ့စကားပြောနေတုန်းမှာ နေစေးမျက်နှာကိုတစ်ချက်လှမ်းကြည့်လိုက်ပေမယ့် ဘာအမှုအယာမှမရှိသလို၊ စကားဝိုင်းထဲလဲဝင်မပြောတဲ့နေစေးကြောင့် ခွန်စိုင်းစိတ်ထဲမကောင်းဖြစ်ရသည်။

" ကောင်းပြီလေ၊ အမေဖြစ်သူကပြန်လာခိုင်းတော့လဲ ဘယ်တတ်နိုင်ပါ့မလဲပြန်ယုံပဲရှိတာပေါ့၊ ဘကြီးခွင့်ပြုပါတယ်.."

" ဟုတ်ကဲ့ဘဘကြီး "

" လူလေးက ဧည့်သည်ဆိုပေမယ့်လည်း ဘကြီးတို့အတွက်တော့ မိသားစုဝင်ပါပဲကွယ်၊ အိမ်ပြန်သွားခဲ့ရင်တောင် နောက်ကြုံတဲ့အခါ လာပြန်လည်လှည့်ပေါ့နော့် "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now