အပိုင်း { ၃၅ }

Start from the beginning
                                    

ထိုသို့ပြောပြီး ဝေ့သီလာတဲ့မျက်ရည်ကြည်တွေကမထင်မှတ်စွာ ခွန်စိုင်းလက်ဖမိုးလေးပေါ်ကျလို့သွားသည်။ နေစေး ဘဝမှာချစ်ရသူကိုဆုံးရှုံးရမယ့်နောက်တစ်ကြိမ်ရှိလာမှာသေလောက်အောင်ကြောက်တာ သူကိုယ်တိုင်ပဲသိမည်။ သူကကြမ်းတမ်းရိုင်းစိုင်းသော်လည်း သူ့ချစ်တဲ့ ဒီလူကြီးလေးကသူ့အား တခြားအရာများနှင့်ယှဥ်ရင်တောင် သူ့ကိုသာဦးစားပေးအဖြစ်ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ဒီလူကြီးလေးရဲ့ လုံခြုံမှု့ကိုတော့သူအပြည့်အဝမပေးနိုင်ခဲ့လို့ဒီလိုတွေခံစားရတာ နှစ်ကြိမ်မျှရှိခဲ့ပြီ။
ထိုသို့တွေးလိုက်တိုင်း နေစေးရင်ထဲသူ့အသုံးမကျမှု့ကိုအပြစ်တင်ရင်းပို၍ငိုမိသည်။

" ကျုပ်တောင်းပန်ပါတယ်စိုင်းဟွမ်။ ထပ်ပြီး ကျုပ်အသုံးမကျမှု့ကြောင့်..."

"... "

" ကျုပ်တကယ်တောင်းပန်ပါတယ်ဗျာ.. "

အိမ်မက်လား တကယ်လားမသဲကွဲတဲ့ခွန်စိုင်းဟာ နေစေးငိုနေတာတွေ့တော့ သူခေါင်းကနာကျင်မှု့ထက်နှလုံးသားကနာကျင်မှု့ကကြီးစိုးနေ၏။

* မငိုပါနဲ့.. ကိုယ်မင်းကိုအပြစ်မတင်ဘူးလေ *

သူ့မသိစိတ်ထဲမှာသာပြောချင်သော်လည်း ဒဏ်ရာအရှိန်ကြောင့်ရော အဖျားကြီးလာတာမို့ပါပြန်၍သတိလစ်သွားချေပြီ။

နေစေးက ခွန်စိုင်းပြန်သတိလစ်သွားမှန်းသိတာကြောင့် သူ့လုပ်လက်စတွေကိုမြန်မြန်လုပ်ကိုင်ပြီး ခွန်စိုင်းကိုနွေးထွေးစေမယ့်အဝတ်စားဝတ်ပေး၍စောင်အထပ်ထပ်သေချာခြုံပေးလိုက်သည်။ ထိုစဥ်။

" နေစေး ကျုပ်ပါ.. ဝင်လာလို့အဆင်ပြေမလား "

နေစေးက ခွန်စိုင်းလက်လေးကိုစောင်အောက်ထည့်ပြီးလုံခြံစိတ်ချရပြီဆိုမှ။

" ဝင်ခဲ့ချည် "

ဘွား က လက်ထဲမှာဆေးပန်ကန်လုံးအသေးကိုင်ပြီး နောက်တွင်မော့ပါလာခဲ့သည်။

" ဒီမှာ နောင်ကြီးအတွက်ဆေး "

နေစေးက ဆေးခွက်ကိုယူပြီး အပူအေးစေရန်လေမှုတ်နေလိုက်သည်။ နေစေးရဲ့ပုံစံကတည်ငြိမ်နေသလိုထင်ရပေမယ့် သူစိတ်ထဲဘယ်လောက်ထိခက်ထန်နေမလဲတွေးကြည့်လို့ပင်မလွယ်ပေ။ မော့ က သူ့အမှားအတွက်ရှေ့ထွက်ကာ နေစေးကိုပြောလိုက်သည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now