အပိုင်း { ၃၄ }

Start from the beginning
                                    

" ဘာလို့လဲ "

" ဘာလို့လဲဆိုတော့...."

ပြောလက်စကိုရပ်ပြီး ဂျင်မီဆေးတံကိုဖယ်ကာ မျက်နှာထက်မှာကောက်ကျစ်တဲ့အပြုံးမျိုးဖြစ်တည်ကာ။

" အဲ့လူလိုချင်တာ ဘယ်တော့မှရနိုင်မှာမဟုတ်လို့လေ..ဟားဟား "

အားပါးတရရယ်နေတဲ့ ဂျင်မီကိုကြည့်ပြီး စိုင်းလုံစိတ်ထဲခုသွားသည်။ ဟုတ်သည် ဂျင်မီလိုလူမျိုးက အရာအားလုံးလက်ဝါးကြီးအုပ်လို့ရတဲ့အခါ အားလုံးကသူ့ထိန်းချုပ်မှု့အောက်မှာဖြစ်ပြီမို့ သူ့ဂတိတည်ခြင်း မတည်ခြင်းကသူ့စကားတစ်ခွန်းဖြစ်သည်။ ထို့ကြောင့် စိုင်းလုံကလည်း လည်သည်။ ဒီတိုက်ပွဲအတွင်း ဂျင်မီကိုပါ သူသတ်နိုင်ရင်..... ။

* မင်းလိုကောင်ကိုငါအစကတည်းကယုံခဲ့တာမဟုတ်ဘူး.. အခုတော့ မင်းစိတ်ဓာတ်ကိုချပြလိုက်ပြီဆိုတော့ ပိုကောင်းသွားတာပေါ့ *

စိုင်းလုံနဲ့ဂျင်မီဟာ တစ်လှေတည်းစီးသူတွေဖြစ်ကြပေမယ့် မရသေးတဲ့အုပ်ချုပ်ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်အပေါ်ယံမျက်နှာဖုံးတွေဖုံးအုပ်ရင်း လက်တွဲထားမြဲပင်။

" ကိုဂျင်မီ ကျုပ်အနေနဲ့တော့ အခုချိန်မှာ ကျုပ်တို့ဘက်ကလက်ဦးအောင် စတိုက်သင့်ပြီလို့ထင်တယ် "

စိုင်းလုံစကားကိုဒီတစ်ခါတော့ ဂျင်မီလက်ခံသည်မို့ ခေါင်းညှိမ့်ကာ။

" ငါနားလည်တယ်။ ငါတို့လူအင်အားစုခိုင်းထားတဲ့စခန်းမှာလည်းအားလုံးပြည့်စုံသလောက်ဖြစ်နေပြီ ဒါပေမယ့်.... "

စိုင်းလုံစိတ်မရှည်တညကြောင့် ထိုင်ခုံမှထကာ ဂျင်မီဆီလျှောက်သွားလိုက်သည်။

" ငါတို့မှာ လက်နက်အင်အားလိုနေသေးတယ်။ လက်နက်ရောက်ဖို့အတွက်နောက် ၃ ရက်စောင့်ရမယ် "

" ၃ ရက်....။ ကောင်းပြီလေ ဒီတိုက်ပွဲအတွက်အချိန်တွေအများကြီးကုန်ပြီမှတော့ သုံးရက်ဆိုတဲ့အချိန်ကိုထည့်တွက်မနေတော့ပါဘူး။ "

" မင်းပြောတာမှန်တယ်။ ငါတို့အဲ့သုံးရက်အတွက် သူတို့နဲ့တိုက်ဖို့အကုန်အသင့်ဖြစ်နေအောင်ပြင်ဆင်ထားမယ် ဒါမှလက်နက်ရတာနဲ့ချက်ချင်းတိုက်နိုင်မှာ။ "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now