အစကတော့ သူမှာ သင့်တော်ပြီး တည်မြဲတဲ့အလုပ်လေးလဲရှိတယ်၊ သူ့တစ်နှစ်တာ လစာဆို သူ့မိန်းမနဲ့ သားသမီးတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပြီး ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို မနာလိုဖြစ်အောင်လုပ်နိုင်တယ်။

သူဘာလို့ ဒီအရှုပ်အထွေးတွေထဲ လျှောက်လာမိတာလဲ?

အားလုံးလုပ်ပြီးမှတော့  အကုန် သူ့အမှားပင်။ လော့ယန်ချွမ်းရဲ့ 'ပိုင်မုန့်ကြီး' က သူ့ကို လှည့်စားနိုင်ခဲ့တာပဲ။ အခုတော့ သူ့အနာဂတ်ကို သူကိုယ်တိုင် ဖျက်စီးပစ်လိုက်ပြီ၊ တဖက်လူက သူ့ကို ရဲစခန်းမှာ လာထုတ် ပေးမှာတဲ့လား? ဘယ်ဟုတ်မလဲ!!

လုံခြုံရေးလှေကားမှာ ကြီးကြီးမားမား ကိစ္စကြီးဖြစ် သွားမှတော့ ကုမ္ပဏီအတွင်းရှိဝန်ထမ်းများ မသိဖို့ဆိုတာ မဖြစ်နိုင်ပေ။

ဂရုထဲက လူတွေရဲ့ မယုံနိုင်တဲ့မျက်နှာနဲ့ အထင်သေး တဲ့ အကြည့်တွေအောက်မှာပဲ ယွမ်ဟုန်နှင့်နဲ့  ချန်ဟွေ့ကို ရဲများက ကုမ္ပဏီမှ ဖမ်းခေါ်သွားကြပြီး သူတို့ရဲ့မှာဘဝမှာ  ပြက်လုံးတစ်ခုသို့ ပြောင်းလဲသွားတော့သည်။

ယွမ်ဟုန် ထွက်သွားသည်နှင့် ထုံးစံအတိုင်းသူ့နေရာက လစ်လပ်သွားပြီဖြစ်ကာ

ဒီကာလအတွင်းတွင် တိတ်တဆိတ်အလုပ်များကို ကူညီလုပ်ဆောင်ပေးသော အလုပ်သင်တစ်ဦးဖြစ်သည့်  ချန်းလဲ့ကို ရှီယွင်နန် နှင့် အခြားရာထူးမြင့်အမှုဆောင်များက အဖွဲ့ခေါင်းဆောင်ရာထူးသို့ တိုးပေးလိုက်ကြသည်။

သုံးပတ်အနှစ်ချုပ်အပြီးမှာတော့ လော့ကုမ္ပဏီမှပေးမည့် ဘောနပ်စ်ကော်မရှင်တောင်မပါသေးဘဲ  သူလစာလေးမှာ နှစ်ဆတောင် တိုးသွားတော့သည်။

ဒီအဖြစ်အပျက်က  အခြား ရင်းနှီးမြုပ်နှံတဲ့ဌာနရဲ့ ဝန်ထမ်းများ အားကျ လေးစားတာကို ဖြစ်လာစေတော့သည်။

ဒါကို ဘယ်လိုခေါ်တာပါလိမ့်?

မှန်ကန်တဲ့အသင်းဘက်မှ ရပ်တည်လိုက်!!ထိုက်တန်တဲ့ ဆုကြေးကို ရယူလိုက်!!

...

ရှီယွင်နန်မှာ  သူလျှိုနှစ်ကောင်ဖြစ်သည့် ချန်ဟွေ့နှင့် ယွမ်ဟုန်တို့နဲ့  ဖြေရှင်းပြီးနောက် ခံစားချက်အရမ်းကောင်းနေ၏။  စောနေသေးတော့ ချင်ကျန်းနဲ့အတူ သူက လော့အုပ်စုရဲ့ ဌာနချုပ်ဆီ လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now