84.1

11K 2K 66
                                    

Unicode


"မင်းက သေလူဖြစ်နေပြီဆိုတော့ စိတ်ရင်းနဲ့  ပြောချင်တာလား? ဒါမှမဟုတ်... မင်းစိတ်မချမ်းသာရတော့ သူများကိုလည်း စိတ်မချမ်းသာစေချင်လို့လား?" ရှီယွင်နန် ရပ်လိုက်ပြီး အပြုံးမပျက်စွာ သူ့ဘက်သို့ ပြန်လှည့်သွားလိုက်သည်။

ရှီးခယ့်ယွဲ့ လည်ချောင်းထဲကနေ ဒွိဟဖြစ်စေသည့် လှောင်ရယ်သံထွက်လာလေသည်။ "ရှီယွင်နန် အာ ရှီယွင်နန် လော့လင်းရှန်းက မင်းကို တကယ်ချစ်တယ်လို့ ထင်နေတာလား?" သူ့မျက်လုံးများထဲတွင် ရူးသွပ်မှု ရှိမနေ၊ စိတ်မကောင်း ဂရုဏာသက်နေသည့် အရိပ်အယောင်များသာ မသိမသာ ရှိနေ၏။

အခန်းထဲရှိ နာရီကတော့ လည်ပတ်ချိန် တစ်မိနစ်သာကျန်တော့သည်ကို ရေတွက်နေလျက်။

"ကြည့်ရတာ မင်းက ငါ့ကို စိတ်မချမ်းမသာ ဖြစ်စေချင်တာထင်တယ်" ရှီယွင်နန် ဖြည်းဖြည်းချင်းလျှောက်လာပြီး ဖန်အကာရှေ့တွင် ရပ်လိုက်သည်။ 

"ဒါဆိုရင်တော့ လက်လျှော့လိုက်တော့။ အရင်တုန်းက သူ့မှာ ကြိုက်ခဲ့တဲ့ လူရှိမှန်း ငါသိတယ်၊ ဒါမယ့် ငါဂရုမစိုက်ဘူး"

"ဂရုမစိုက်ဘူး? မင်းသာ သူ့ကို တကယ်ချစ်ရင် ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ?"

ရှီးခယ့်ယွဲ့ကတော့ သူ့စကားကို လုံးမယုံမနေပါ။

သူက လှောင်ပြုံးပြုံးကာ ဆက်ပြောလာသည်။ "ရှီယွင်နန်၊ မင်းက ဝမ်ရိပေရဲ့ အရိပ်အောက်မှာ အမြဲနေသွားရမှာ၊ မပင်ပန်းဘူးလား?"

စကားလုံးတိုင်းက ဓားတစ်ချောင်းအလား ရှီယွင်နန် နှလုံးသားထဲ စိုက်ဝင်လာသည်။

"ဝမ်ရိပေနဲ့ယှဉ်ရင် မင်းက ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ခြားနားနေလဲဆိုတာ သိရဲ့လား? ရှီမိသားစုနဲ့ ဝမ်မိသားစု ကလေးတွေအတွက် တိုက်ပွဲဝင်တုန်းက ဝမ်ရိပေကို မလိုချင်တဲ့သူ ရှိခဲ့လို့လား? မင်းကို လိုချင်တဲ့သူကော ရှိလို့လား?"

"အခု မင်းကိုယ်မင်း လော့မိသားစုနဲ့ သက်ဆိုင်နေပြီလို့ ထင်နေမှာပေါ့? မှားတယ် လုံးဝမှားတယ်။"

"မင်းငါ့ကိုမယုံဘူးလား? ဒီဇာတ်လမ်းရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ငါက အားလုံးထက်ပိုသိတယ်လေ"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now