40.2

16.4K 2.6K 111
                                    

Unicode

နှစ်ယောက်သား ထွက်လာသည်နှင့် ယွမ်ရွေ့ရဲ့ ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရကြသည်။

"အထဲမှာ လူမရှိဘူးလားဆိုတာ ဘာလို့ သေချာအောင်မစစ်ဆေးတာလဲ? မပိတ်ခင် အချိန်က ၆မိနစ် ၅မိနစ်တောင် လိုသေးတယ်လေ။ ဘယ်လိုလုပ် မီးတွေပိတ်ပြီး တံခါးတွေပါ ကြိုပိတ်လိုက်ရတာလဲ?"

"ရှီယွင်နန်က ကျွန်တော်တို့ယွမ်မိသားစု ငှါးထားတဲ့ ဒီဇိုင်နာ။ သူတစ်ခုခုဖြစ်သွားရင် ဘယ်သူက တာဝန်ယူမှာလဲ?"

ဘေးနားက အလုပ်သမားဦးလေးမှာ မျက်နှာနီရဲသွားပြီး တောင်းပန်ရင်း ရှင်းပြလာသည်။ "သခင်လေး ကျွန်တော်မှားမှန်း သိပါတယ်။ မစ္စတာလု သူ့ကိုခေါ်လာတုန်းက ကျွန်တော်သတိမထားမိလိုက်တာပါ။ မစ္စတာရှီးက သခင်လေးကို တွေ့ဖို့လာမှန်းလဲ ကျွန်တော်တကယ်မသိလိုက်တာပါ။"

"နောက်ပိုင်းသခင်လေးက လူတစ်ယောက်နဲ့ ထွက်လာတော့၊ ဂိုဒေါင်ထဲမှာ ဘယ်သူမှမရှိလောက်တော့ဘူးလို့ ထင်လိုက်လို့ပါ။"

ဒီနေ့ ကျောက်စိမ်းစက်ရုံရှိ အလုပ်သမားများအားလုံး အလုပ်စောပြီးတာကြောင့် ရုံးစောစောဆင်းသွားကြ၏။ ဒါ့အပြင် ဒီနေ့က သူ့သမီးလေးရဲ့ မွေးနေ့ဖြစ်တာကြောင့် သူအိမ်ကို စောစောပြန်သွားတာဖြစ်လေသည်။

တကယ်တော့ ငါးမိနစ်၊ ခြောက်မိနစ်လောက်သာ ကျန်တော့တာမို့၊ အလုပ်သမားက သူ့တာဝန်အရ တံခါးကို ပိတ်ကာ၊ မီးများကိုပါ ပိတ်ပစ်ခဲ့သည်။  ဒီလို မတော်တဆဖြစ်သွားမယ်လို့ ဘယ်သူက သိမှာလဲ?

ယွမ်မိသားစုစည်းကမ်းနဲ့အညီ၊ ခိုးယူတာမှ ကာကွယ်ရန် တံခါးကို သော့ခတ်ပြီး၊ မိုးကြိုးမုန်တိုင်းများအတွင်း ဖြစ်ပွားနိုင်သည့် မီးဘေးကိုကာကွယ်ရန် လျှပ်စစ်မီးကို ပိတ်ထားခဲ့ခြင်းဖြစ်လေသည်။

စကားပြောနေရင်း လော့လင််းရှန်းနဲ့ ရှီယွင်နန်ကို တွေ့လိုက်ရတာကြောင့်

ယွမ်ရွေ့က ချက်ချင်းဆိုသလို ရှီယွင်နန်ဆီလှမ်းလာသည်။ "မင်း အဆင်ပြေရဲ့လား? ငါအစ်ကို့ဆီက ဖုန်းရတာနဲ့ ချက်ချင်းပြန်လာတာ။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now