38.2

14.7K 2.6K 49
                                    

Unicode

ရှီယွင်နန်သည် သူ့ဖုန်းထဲရှိ contact နည်းနည်းလေးကို ကြည့်ပြီး သူ့နှလုံးသားလေးမှာ အနည်းငယ် မွန်းကျပ်နေသလို ခံစားလိုက်ရသည်။

ဒီနှစ်တွေမှာ သူကတရုတ်နိုင်ငံဆီ ခဏခဏ ပြန်မလာခဲ့။ တကယ်လို့ သူနဲ့ လော့လင်းရှန်းသာ "စာချုပ်ဆက်ဆံရေး" မရှိရင်၊ သူအတွက်သွားစရာ နေရာသိပ်မရှိ၊ နိုင်ငံခြားမှာ ဆိုရင်တောင်မှပေါ့။ အခုလို ပုံစံနဲ့ သူခဏပုန်းအောင်းနိုင်မယ့် နေရာရှာလို့ မတွေ့နိုင်ပေ။

သူတွေးတောနေရင်း အမည်မသိ ဖုန်းနံပါတ်တစ်ခုက ဆက်လာသည်။

ရှီယွင်နန် ခဏတုံ့ဆိုင်းသွားပြီး ဖုန်းကိုကိုင်လိုက်၏။

"ဟယ်လို။"

"ဟယ်လို၊ မစ္စတာရှီလား?"

ဖုန်းရဲ့ အခြားတစ်ဖက်မှ အသံမှာ ရင်းနှီးနေတာကြောင့် ရှီယွင်နန် ခဏလောက် စဉ်းစားလိုက်ပြီး အသံပိုင်ရှင်ရဲ့ ရုပ်ပုံမှာ သူ့စိတ်ထဲပေါ်လာတော့သည်။

"လုကျောက်အန်း?"

"ကျွန်တော်ပါ။ ကျွန်တော်ခင်ဗျားကို ဒီလိုဆက်သွယ်လိုက်တာ အရမ်း ရဲတင်းသွားသလိုဖြစ်သွားတယ်။ အရင်တစ်ခေါက် ယွမ်ကျောက်စိမ်းဆိုင်မှာ ကျောက်စိမ်းဝယ်တုန်းက ဖုန်းနံပါတ်ချန်ထားခဲ့လို့ စာရေးမကို မေးကြည့်ပြီး ဆက်လိုက်တာပါ။" လုကျောက်အန်းက အကြောင်းပြချက်ကို အေးအေးဆေးဆေး ရှင်းပြလာသည်။

ရှီယွင်နန်ကတော့ ဒီလူအပေါ်မှာ အတော်လေး အမြင်ကောင်းရှိလေသည်။ "အင်း၊ ဘာကိစ္စရှိလို့လဲ မစ္စတာလု။"

လုကျောက်အန်းက သွယ်ဝိုက်မနေတော့။ "နောက်နှစ်ရက်လောက်နေရင် ကျွန်တော်နဲ့ တွေ့ဖို့ အဆင်ပြေလောက်လား မသိဘူး? ကျွန်တော့မှာ ကျောက်စိမ်းဒီဇိုင်းနဲ့ ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်မယ့် အကြံ ရှိလို့ မေးချင်လို့ပါ။"

ရှီယွင်နန် ထိုစကားကိုကြားသောအခါ အံ့ဩသွားလေသည်။ လုကျောက်အန်းက သူ့ဆီ ဒီကိစ္စ အကြောင်းကြားလာမယ်လို့ မထင်ထားပေ။

လမ်းမပေါ်ရှိ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသော ကားများကို သူကြည့်လိုက်မိပြီး၊ အခု သူ့ရဲ့အခြေအနေကို သတိရသွားကာ သူ့ကိုယ့်သူအာရုံလွှဲရန် အကြောင်းပြချက်တစ်ခုခုကို တွေးလိုက်မိသည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now