မိဘမဲ့ကလေးတစ်ယောက်ကို စုံစမ်းဖို့က တကယ့်ကို မလွယ်ကူပေ။ ကလေးဘဝကနေ အရွယ်ရောက်သည်အထိ နောက်ကြောင်းရှင်းထားတဲ့ ကြိုးစားကာ သတ္တိရှိပြီး မျိုးချစ်စိတ်ရှိသူပုံပေါ်တဲ့သူဆို ပိုတောင်ဆိုးတာပေါ့။ ဒါ့ကြောင့် အန်တာရာက ရူဇယ်ကို အာရုံမစိုက်တော့ပဲ သူ့ဘေးနားက လူတွေကို စစုံစမ်းတော့မှ သဲလွန်စနဲနဲထွက်လာတော့တယ်။

ရူဇယ်ရဲ့ဘဝက နဲနဲတော့ အရမ်း ချော့မွေ့နေတယ်။

သူငယ်ငယ်တုန်းက mechaအလုပ်ရုံကနေ သူကိုကူပြီး သင်ပြပေး လမ်းညွှန်ပေးတဲ့ ကြင်နာတဲ့ အငြိမ်းစားယူထားသူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ သူကျူရှင်ကြေးကို မတတ်နိုင်တဲ့အခါမှာလည်း သူ ရုတ်တရက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ရှာတွေ့ပြီး အောင်အောင်မြင်မြင်ပဲ တပ်ဆင်နိုင်ကာ ပိုက်ဆံရသွားတယ်။ သူ့ဘဝရဲ့ အတိတ်ဆယ်စုနှစ်ကို ကြည့်မယ်ဆို သူအတားအဆီးနဲ့ကြုံတွေ့ရတဲ့ ဘယ်အချိန်မဆို သူဟာသူဖြေရှင်းနိုင်တယ်ဆိုတာ တွေ့နိုင်တယ်။ ဒါကနောက်ဆုံးတော့လည်း သူရဲ့ကံကောင်းမှုတွေကြောင့် ဖြတ်ကျော်နိုင်ခဲ့တာပေါ။

ရွှယ့်လင်လည်း ဒါက ဇာတ်လိုက်ရဲ့ ရောင်ဝါလို့ပဲ ထင်ခဲ့ပေမယ့် အန်တာရာကတော့ ဒါကို မသိခဲဘူးလေ။ သူကကတော့ ဒီလိုကအရမ်းကို ချော့မွေ့လွန်းနေတယ်လို့ခံစားလိုက်ရပြီး သံသယဖြစ်မိတယ်။ သာမာန်လူတွေကြားမှာ ဒီလို သန်မာတဲ့လူ တစ်ယောက်၊နှစ်ယောက်တောင် တွေ့ဖို့ခက်ခဲကာ ဆင်းရဲသားရပ်ကွက်မှာဆို ပြောမနေပါနဲ့တော့။

ကံကောင်းစွာနဲ့ တစ်ယောက်ယောက် အားစိုက်ထုတ်လိုက်တာနဲ့ အသေးငယ်ဆုံးသဲလွန်စကနေတောင် ခြေရာကောက်နိုင်တယ်လေ။ ရူဇယ်မွေးဖွားတဲ့နေရာနဲ့ တိုက်ပွဲက အမျိုးမျိုးသော အစီရင်ခံစာတွေကို ဆက်စပ်လိုက်တော့ အန်တာရာက အရမ်းကို ကောင်းမွန်လွန်းလှတဲ့ သုံးသပ်ချက်တစ်ခုရလာတော့တယ်။

ရူဇယ်က အော်သာ ဂရီးရဲ့ ကျန်ရစ်သူတစ်ဦးတည်းသော သားဖ်ြစတယ်။ ဂရီးက အားကောင်းကာ ဘုရင်ကြီးနဲ့တစ်ခေတ်ထဲက ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးဖြစ်တယ်။ သူရဲ့ဇနီးနဲ့ ကလေးဖ်ြစသူက လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက် စစ်ပွဲမှာ သေဆုံးသွားတာကြောင့် စိတ်အားထက်သန်မှုရော၊ ပကာသနတွေမှာ လိုအင်ဆန္ဒမရှိတော့ပဲ Allianceရော အင်ပါယာမှာပါ စိတ်မဝင်စားတော့သူဖ်ြစတယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)Where stories live. Discover now