"ရား.. စေတနာပျက်အောင်လာမလုပ်နဲ့။ မင်းကိုရေထဲကန်ချပစ်လိုက်လို့ရတယ်.. နားလည်လား"

"အပိုတွေပြောမနေပါနဲ့.. အစောကြီးကတည်းကရေထဲကျစေချင်လို့ဝင်တိုက်တာကိုများ။ ခင်ဗျားကိုဘယ်သူမှလည်းစေတနာထားပါလို့မတောင်းဆိုဘူး"

"ဒါဆိုလည်း.. ပြီးတာပဲလေ"

ညစ်ကျယ်ကျယ်မျက်နှာပေးဖြင့်သူထိန်းကိုင်ပေးထားမိတဲ့လက်တစ်ဖက်ကိုတမင်လွှတ်ချလိုက်တော့ထိုစွာစိလေးဟန်ချက်ပျက်ပြီးရေကူးကန်ထဲဗွမ်းခနဲပစ်ကျသည်။

"ရေတော့ကူးတတ်မှာပါ"

ဟု ရေရွတ်ပြီးလာလမ်းအတိုင်းပြန်လှည့်မည့်ခြေထောက်တွေကအမိန့်မရပါဘဲနေရာတင်တုံ့ခနဲရပ်သည်။ ပခုံးစွန်းမှာမေးဖျားကပ်တဲ့အထိလှည့်ကြည့်တော့ ဘာလူအရိပ်အယောင်မှမတွေ့ရဘဲရေမျက်နှာပြင်ကငြိမ်သက်တိတ်ဆိတ်လျက်.. ခေါင်းနပန်းကြီးစွာရေကူးကန်ထဲသို့အလျင်အမြန်ငုံ့ကြည့်လိုက်၏။ ထိန်နေအောင်ထွန်းထားသည့်မီးသီးများကရေကန်ထဲကိုဆလိုက်မီးထိုးပေးထားသလိုဖြစ်နေတာကြောင့်ရေနက်ပိုင်းအောက်ခြေမှာယက်ကန်,ယက်ကန်ဖြစ်နေရှာသည့်သဏ္ဌာန်လေးကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။

သူ.. ဘာမှစဥ်းစားမနေတော့ဘဲလည်သာဂျာကင်တွေ၊ ဖိနပ်တွေကိုရောက်ရာပေါက်ရာဆွဲချွတ်ရင်းကန်ထဲသို့ဒိုင်ဗင်ထိုးချ၏။ ထို့နောက်.. ရေနက်ပိုင်းသို့မြန်မြန်ဆန်ဆန်ကူးခတ်သွားပြီးယက်ကန်,ယက်ကန်သဏ္ဌာန်လေးကိုရင်ဘတ်နားမှသိုင်းဖက်ကာရေပေါ်သို့ပြန်ကူးလာခဲ့ပြီးကန်ဘောင်ပေါ်သို့ပွေ့တင်လိုက်သည်။

"ဟေ့.. "

မေးရိုးနားလက်ခုံဖြင့်ခပ်ဆတ်ဆတ်ရိုက်ခေါ်ပေမယ့်အသိဝင်ပုံမရသေးဘဲမလှုပ်မယှက်ငြိမ်သက်လျှက်.. ရင်ဘတ်တွေကိုအားနှင့်ဖိနှိပ်ပေးတော့မှ ဝေါခနဲအန်ကျလာတဲ့ရေတွေနဲ့အတူ ညည်းသံသဲ့သဲ့ပေးသော်လည်းမျက်လုံးတွေကဖွင့်မလာခဲ့။ ရေတွေထွက်သွားပေမယ့်အသက်ရှူရန်လေကိုလိုအပ်သေးတာမို့သူကနှုတ်ခမ်းဖွင့်ကာအားရပါးရလေကိုရှိုက်သွင်းပြီးမျက်နှာကိုငုံ့ချလိုက်စဥ်..

Tie the Knot (✔️)Where stories live. Discover now