" အယ်...ဘာလုပ် ကျွန်တော့အိမ်သွားမယ်ဆို "

" ပြန်ချင်လို့လား "

" ဟင့်အင်း...ပြန်ဘူး ဟီးဟီး "

ခြေထောက်တေကိုလှုပ်ယမ်းကာ တဟီးဟီးရယ်နေ
တဲ့ ကလေးမဟုတ်တဲ့ကလေးလူကြီးလေးအား
ဥက္ကဌကြီးက အိမ်ပေါ်ကိုချီပြီးခေါ်သွားပါတော့တယ်

ပြာလဲ့နေတဲ့ကောင်းကင်ရဲ့အောက်မှာ
တောက်ပတဲ့နေရောင်နဲ့အတူ
ပန်းလေးတေကအလှဆုံးဖူးပွင့်နေပါတယ်
အဲ့ထဲမှာမှ အချစ်ပန်းလေးတေကအလှဆုံးပေါ့ရှင်
အမြင်ကတ်စရာအကောင်းဆုံးဆိုလည်း မမှား......
.
.
.
ကင်ဆော့ဂျင်တို့ ဂိမ်းဆော့နေပါတယ်
ဒီခါတော့ဂိမ်းဆော့တာဆိုပေမဲ့ အရင်လိုဂိမ်းဆော့တာ
မျိုးမဟုတ်ဘူး ဘယ်လိုဂိမ်းဆော့တာလဲဆိုတော့
လူကြီးရဲ့ ရင်ခွင်ကိုမှီပြီးဂိမ်းဆော့နေတာပါ

ကင်ဆော့ဂျင်ကဂိမ်းဆော့နေရင် လူကြီးကဘာလုပ်
နေသလဲဆိုတော့
ပေါက်စရဲ့ခါးအားဖက် ခေါင်းပေါ်
မေးတင်လို့ ကစားတာကိုကြည့်ရင်း သူ့ပေါက်စလေး
ရဲ့ဂိမ်းအကြောင်းရှင်းပြတာကိုနားထောင်ပေးနေ
တာပါ တခါတလေ ထ ထဆဲရင်လည်း နားထောင်
ပေးတာပဲ

" ခြုံခိုတိုက်တယ်ပေါ့ တွေ့မယ် "

" .... "

" ချီးပဲ....အုပ်စုလိုက်ကြီး "

" ..... "

" အား...ဖာခ့်.....​စောက်ကျင့်တေက "

" .... "

" လူကြီးတွေ့လား အဲ့ကောင်တေကျုပ်ကို
ညစ်သွားတာ စုထားတဲ့လက်နက်တေကုန်ပြီ
တောက် တွေ့မယ် "

" စိတ်လျှော့နော် ကိုယ်ပြန်ဝယ်ပေးမယ်
ပေါက်စလေး "

" No ဝယ်တာကဝယ်တာပဲ ကင်ဆော့ဂျင်ကိုဒါမျိုး
လာကျော်လို့မရဘူး ကျော်ခြင်းကျော် ကင်ဆော့ဂျင်
ကပဲကျော်မှာ!!! "

[ AN/ ကင်ဆော့ဂျင် ဆော့တာဘာဂိမ်းလဲဆိုကျွန်မ
လည်းမသိဘူး ကိုယ့်ဟာကိုလျှောက်ရေးထားတာ
PUBGတို့ Mobile Legendတို့ကလည်း ကိုယ်ကမ
ဆော့တော့ ဂိမ်းအကြောင်းနားမလည်ဘူး>_< ]

ပတွတ်ပတွတ်ရွတ်ရင်းအသေအကြေတိုက်ပွဲဝင်နေတဲ့
သူ့ကလေးအား နမ်ဂျွန်းစိတ်ရှည်ရှည်နဲ့သာကြည့်နေ
လိုက်သည် အမှန်ပြောရရင်
ဂိမ်းဆိုတဲ့အရာမျိုးတေကိုနမ်ဂျွန်းနားမလည်ပါ
သူလူငယ်တုန်းကလည်းစိတ်မဝင်စားလို့မဆော့
ဖြစ်ခဲ့သလို အခုဆိုပိုဆိုးပေါ့ နောက်ပြီး အချိန်လည်းမပေးနိုင်ဘူး သူ့မှာအရေးကြီး
လုပ်စရာတေကအများကြီး အဖိုးတန်အချိန်တေကို
ဂိမ်းဆော့ရာမှာသုံးလိုက်ရင် တအားဖြုန်းတီးရာ
ကျသွားမှာပေါ့

Dear Uncle Joon Donde viven las historias. Descúbrelo ahora