-- 8 --

762 117 42
                                    

#Zawgyi

လက်ပတ်တီးစီးကြီးနဲ့မို့ ကင်ဆော့ဂျင်တို့
ငြိမ်ချက်သားကောင်းနေပါတယ် ကျိုးမသွားပေမဲ့လို့
အက်သွားတဲ့အရိုး ပြန်ကောင်းအောင်ကျောက်ပတ်တီး
ကို၁လလောက်စည်းဖို့လိုတယ်ဆိုတဲ့ ဆရာဝန်ညွှန်ကြား
ချက်ကြောင့်ရယ် မာမားကင်ရဲ့စောင့်ကြည့်မှုတေကြောင့်
ကင်ဆော့ဂျင်လူလိမ္မာလေးလုပ်နေခြင်းပေ

" ဟေ့ကောင် လိုက်မှာလား "

" မလိုက်ဘူး "

" အို့! တစ်သက်နဲ့တစ်ကိုယ်ကင်ဆော့ဂျင်တို့ကျောင်း
ပြေးဖို့ငြင်းတာကြားဖူးပြီ! "

Nikiရဲ့ စကားကို ဆော့ဂျင်မျက်ဖြူ သာလန်ပြလိုက်သည်
ပတ်တီးကြီးတကားကားနဲ့ကျောင်းပြေးတော့ရော
ဘာလုပ်ရတာမှတ်လို့ ကားလည်းမောင်းမရ
ရန်လည်းဖြစ်မရ ယုတ်စွအဆုံးဂိမ်းတောင်ကြာကြာဆော့
မရဘူး ချီး!

" ငါလည်းသွားမှာ မင်းနဲ့နေပေးဖို့ဆွဲမယ်မကြံနဲ့! "

ပြောလည်းပြော လွယ်အိတ်ကြီးလွယ်ပြီးထွက်သွားတဲ့
ဂျွန်ဂျောင်ဂု ပါလေ

ဟိုကောင်တေအုတ်တံတိုင်းခွကျော်တာကို
ဆော့ဂျင်ကြည့်ပြီး ကျောင်းခန်းထဲသာပြန်ဝင်ထိုင်နေလိုက်
သည် ကျောင်းဆင်းဖို့အရေးအချိန်တေကလည်းကြာထှာ!

နောက်ဆုံးမှာတော့ သာယာနာပျော်ဖွယ်ခေါင်းလောင်း
တီးပြီမို့ လွယ်အိတ်ဆွဲလို့ဆော့ဂျင်အခန်းထဲကနေထွက်
လာလိုက်သည် တနေ့တနေ့ကျောင်းလာပြီး
အိပ်နေရတဲ့ဘဝကလည်းလွယ်ကူမနေဘူး!!

ကျောင်းရှေ့ကနေအသင့်စောင့်နေတဲ့ကားပေါ်
ဆော့ဂျင်တက်သွားလိုက်ပြီး

" KING ကိုသွားမယ် "

" ဟုတ် "

မတွေ့ရတာကြာနေပြီ ဒီရက်ပိုင်းတေထဲသူ့ကိုများ
သတိရရဲ့လားမသိ ရမယ်လည်းမထင်ပါဘူးဘိုးတော်က
ဖြစ်တဲ့နေ့တုန်းကတော့ဆေးရုံသွားမယ်ဘာညာနဲ့
နောက်ရက်အိမ်ကိုလာတော့ လူကိုတစ်ချက်ကြည့်ရုံကလွဲ
ဘာမှကိုပြောမလာဘူး သက်သာရဲ့လားလို့
ဟန်ဆောင်ပန်ဆောင်​လေး​တောင် လောကွတ်မချော်ဘူး
မုန်းချင်စရာကြီး!

Dear Uncle Joon Where stories live. Discover now