-- 18 --

758 117 58
                                    

#Zawgyi

စာမေးပွဲနောက်ဆုံးနေ့မို့ဖြေပြီးတာနဲ့ကျောင်းတက်စရာ
မလိုတော့တာကြောင့်ကင်ဆော့ဂျင်တို့လေလေးတချွန်ချွန်
နဲ့ကားပေါ်တက်လို့ မြို့လယ်ကအချက်အချာကျတဲ့
စီးပွားရေးလမ်းကိုသွားပါတယ်

ကင်ဆော့ဂျင်နည်းတူဂျွန်ဂျောင်ဂုလေးကလည်း
ကျောင်းထဲကနေမပြေးရုံတမယ်ခြေလှမ်းခပ်သွက်သွက်
လျှောက်ပြီးကားအမဲကြီးပေါ်တက်လို့ဝူးကနဲမောင်းထွက်သွား
ပါတယ် ညနေကြဘယ်မှာတွေ့မယ်ဘာလုပ်မယ်တိုင်ပင်နေတဲ့
ယွန်းဂျွန်တို့အုပ်စုကိုနှစ်ယောက်လုံးကလှည့်ကြည့်ဖို့မပြောနဲ့
မျက်လုံးလေးတောင်စောင်းပြီးကြည့်မသွား

" လင်တွေ့တာနဲ့ ဘော်ဒါတေကိုပလစ်သွားတဲ့ ကောင်တေ
ကောင်းကိုမကောင်းဘူး!! သားကြီးတို့ညနေတွေ့မယ်နော်
ဘိုင်းး "

ဆိုဘင်းရဲ့စကားအဆုံးကိုယ်စီကားပေါ်တက်ပြီး
လမ်းခွဲသွားကြတဲ့လူယဉ်ကျေးတို့အုပ်စုပြီးသွား​တော့
ကင်ဆော့ဂျင်အကြောင်းဆက်တာပေါ့

ထုံးစံအတိုင်းလွယ်အိတ်တစ်ခြမ်းစောင်းနဲ့ တီရှပ်အဖြူ ပေါ်
မှာကျောင်းယူနီဖောင်းကိုကြယ်သီးမတပ်ပဲဝတ်ထားပြီး
ဆံပင်ပွယောင်းယောင်းလေးနဲ့စုပ်လုံးငုံထားလည်း
ကင်ဆော့ဂျင်တို့က ကြည့်ကောင်းနေဆဲ......
သူ့အိမ်သူ့ယာအတိုင်း company ထဲကြော့ကြော့လေးဝင်
အေးစက်လှပါတဲ့အာဏာရှင်ရေခဲဘုရင်ကြီးရဲ့ရုံးခန်းကို
လက်ရဲဇက်ရဲ ဖွင့်လို့ဝင်သွားတဲ့ ပုံရိပ်လေးကို
KINGကဝန်ထမ်းတေရင်းနှီးနေပြီ မထူးဆန်းတော့ဘူး
မပြောရဲလို့သာမပြောတာ ဥက္ကဌကင်တို့များသူ့ဟာလေးဆို
တုန်နေအောင်ကိုဂရုစိုက် ဘာလုပ်လုပ်မပြောဘူး
ရည်းစားမဖြစ်သေးလို့သာပေါ့ တွဲများတွဲသွားရင်တော့
သူတို့တေဒီထပ်ပိုပြီး RSစာတေစားရတော့မှာ
ဘဝကမလွယ်ပါဘူး

လက်ထောက်မူတစ်ယောက် လိုအပ်တဲ့စာရွက်စာတမ်း
တေကိုဥက္ကဌရဲ့ရုံးခန်းထဲလာထားပြီးအပြင်ကိုထွက်လာ
တော့သခင်လေးကင်နဲ့တွေ့တာမို့

" သခင်လေးကင်ခင်မျ ဥက္ကဋ္ဌ ကင် အခုရုံးခန်းထဲမှာမရှိ
ပါဘူး "

Dear Uncle Joon Where stories live. Discover now