-- 10 --

810 124 42
                                    

#Zawgyi

ဆော့ဂျင် ဒီနေ့ကျောင်းမသွားပဲသူ့မာမားရဲ့
studioကိုရောက်နေတာဖြစ်သည်
သူ့မာမားရဲ့ဆိုင်က မြို့အရှေ့ဖက်ကသီးသန့်ခြံဝန်း
ကျယ်ကြီးထဲမှာ ဆောက်ထားတာဖြစ်ပြီး
ပြင်သစ်စတိုင် ရှေးဟောင်းပုံစံပင်

နာမည်ကြီးဒီဇိုင်နာဖြစ်တာကြောင့်ဆိုင်မှာဆို
မင်းသားမင်းသမီးမော်ဒယ်တေဆိုတာပြတ်တယ်ရယ်
မရှိ idolတေကိုပါတွေ့နိုင်သေးသည်
နောက်ပြီး အဆောက်အဦးထဲမှာပဲ photo shooting
အတွက်studioတေလည်းရှိပြီး
fashion showအတွက် hallတေပါရှိသေးသည်

ဆော့ဂျင်ဆိုင်ထဲဝင်လာတော့ ဝန်ထမ်းတေအကုန်လုံးက
အရိုအသေပေးကာနှုတ်ဆက်ကြသည်
ခေါင်းတစ်ချက်သာညိတ်ပြပြီး ဧည့်ခန်းမကိုဖြတ်ကာ
ရွှေရောင်တောက်နေတဲ့လှေကားပေါ်တက်သွားတဲ့
ကင်ဆော့ဂျင်ကို ဘယ်သူမှမငေးကြည့်ပဲမနေနိုင်

6ပေနီးနီးရှည်တဲ့အရပ်အမောင်းရယ်
ကျယ်ပြန့်တဲ့ပုခုံးပြင်တေနဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုစီက
အစသေသပ်ပြီးလှပကာချောမောလွန်းတဲ့
ထိုလူသားဟာ ကမ္ဘာမြေကိုဆင်းသက်လာတဲ့
နတ်ဘုရားတစ်ပါးအလား

ရည်းစားရှုပ်ပြီးဆိုးတယ်လို့နာမည်ကျော်ပေမဲ့
ဧည့်ခန်းမထပ်၁၀ယောက်ထပ်မနည်း ရှိနေတဲ့
မင်းသမီးချောတေကိုတော့
မာနကြီးတဲ့ရွှေမင်းသားလေးကတစ်ချက်တောင်ကြည့်မသွား

ဒါကြောင့်လည်းကင်ဆော့ဂျင်တို့သတင်းတေဘယ်လောက်
ပဲမွှေးမွှေး ရုပ်ရှင်အသိုင်းအဝိုင်းကရော
လူကုံထံအသိုင်းအဝိုင်းကပါသည်းသည်းလှုပ်ကြတာပေါ့

ဆော့ဂျင်သူ့မားရဲ့ရုံးခန်းထဲဝင်လာတော့
အင်တာဗျူးနေတာကိုတွေ့လိုက်ရသည်
တံခါးဖွင့်ကာဝင်လာတဲ့ကင်ဆော့ဂျင်ကို
အခန်းထဲကလူတေလှည့်ကြည့်ပြီးတစ်ခဏ
မှင်သက်သွားကုန်ရသည် နာမည်ကြီးဒီဇိုင်နာတစ်ဖြစ်လဲ
Miss Korea မင်ဟီယောင်းရဲ့သားကင်ဆော့ဂျင်
ဟာသိပ်ချောမှန်းသတင်းမွှေးပေမဲ့တကယ့်အပြင်မှာ
မြင်ရတော့ သတင်းတေထပ်အပုံကြီးပိုချောတယ်ဆိုတာ
ပင်! နာမည်ကြီးဒီဇိုင်နာရဲ့သားပီပီ ဝတ်ထားတာကလည်း

V shape ဆွယ်တာအနက်ပေါ်မှာ အနက်ရောင်
long coat ရှည်ထပ်ဝတ်ထားတာမို့
ဖွေးအုနေတဲ့အသားအရည်ကထင်းလို့
အနက်ရောင်ကိုမှ အညို ဘက်သန်းနေတဲ့ဆံပင်တို့အား
ဘေးခွဲပုံစံခပ်အုပ်အုပ်လေးပုံသွင်းထားသေး၏

Dear Uncle Joon Where stories live. Discover now