ထိုကိစ္စအတွက်ဗျာများနေရသည့်တစ်ချိန်တည်းမှာပဲ လန်ပေါ၏အသံကအရင်ကထက်များစွာပီသလာကြောင်း ပိုင်ချူနျန်ရုတ်တရက်သတိထားမိလိုက်သည်။

"မင်း ကိုယ့်အတိုင်းလိုက်ပြောကြည့်၊ ပိုင် ၊ ချူ ၊ နျန်။"

"bai. . . . . . ." (ပိုင်. . .)

"ပိုင်ချူနျန်။"

"baishu. . . . . . ni. . . . . ." (ပိုင်ရှူ. . . နီ. . .)

"ထားလိုက်တော့ လွယ်တာလေးပြောင်းမယ် ၊ ချူကောလို့ခေါ်။"

"chuchu. . . . . ."

"ချူကော။"

"ချူ. . . ge. . . ကော။"

"တော်တယ် များများလေ့ကျင့်။"





မိနစ်အနည်းငယ်အကြာမှာတော့ လုယန်နှင့် ပိလန်ရှင်းတို့က ရေပန်းရှိရာသို့ရောက်လာကြပြီး သူတို့နှစ်ယောက်နှင့်ပူးပေါင်းလာသည်။ အသီးသီးမိမိလုပ်ဆောင်ရမည့်မစ်ရှင်စာရွက်ကိုဖြန့်ကာ ယှဉ်ကြည့်ကြလျက် တူညီတဲ့မစ်ရှင်ရှိမရှိကြည့်ပြီး ရှိပါကအချိန်သက်သာစေရန် အတူတကွဖြေရှင်းကြဖို့အတွက်ပင်။

လန်ပေါ ၊ လုယန် နှင့် ပိလန်ရှင်းတို့ ပထမလုပ်ဆောင်ရမည့်မစ်ရှင်တည်နေရာက မြို့ရဲ့စာကြည့်တိုက်၌ဖြစ်၏။

ပိုင်ချူနျန် မြေပုံအားနှစ်ချက်ခန့်ကြည့်လိုက်ရာ သူတို့လက်ရှိနေရာကနေ မြို့ရဲ့စာကြည့်တိုက်ကို ကားမောင်းသွားပါက မိနစ်(၂၀)ကြာမည်ဖြစ်သည်။ မစ်ရှင်စာရွက်ထက် သတင်းပေးသူက သတင်းအချက်အလက်တွေကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရေးသားထား၏။ သဘောတရားအရတော့ အချိန်သိပ်မကုန်ပေမယ့် တစ်ချိန်တည်းမှာပဲ မြို့တော်စာကြည့်တိုက်အတွင်း ဆေးသေတ္တာတစ်လုံးထားရှိထားသည်ဟုပါ အမှတ်အသားပြထားပေသည်။ သို့ဆိုရာ စာကြည့်တိုက်သည်ကား အနီးနားကအဖွဲ့တွေအကုန်လာပြီးလုကြမယ့် ကုန်လှောင်ရုံကြီးဖြစ်နေတော့ခြင်းပင်။ စာကြည့်တိုက်တွင်းဝင်ချင်ပါက တိုက်ခိုက်ဖို့ကိုလုံးဝရှောင်လွှဲလို့ရမည်မဟုတ် ၊ အကယ်၍ ဆေးသေတ္တာလုမယ့်အဖွဲ့က တစ်ဖွဲ့တည်းသာလျှင်မဟုတ်ပါက သေချာပေါက်အချိန်ဆွဲရာကျသွားမည်ဖြစ်၏။ ဆေးသေတ္တာတွင်းက ပေါက်ကွဲမှုဟန့်တားစေမည့်ကိရိယာအား တခြားအဖွဲ့ကလက်ဦးရယူသွားမည်ဆိုပါကလည်း သူတို့အတွက်အချိန်မလောက်တော့၍တန်းထုတ်ပယ်ခံရမှာ သေချာသလောက်ရှိသည်။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now