IRAATROMWPWMC(68)

2.6K 272 23
                                    

[Unicode]

နောက်ဆုံးတော့ လောင်းကစားဘုရင်ထွက်သွားခဲ့ပြီ။ လုမင်ရှီလည်း အလွန်ပျော်ရွှင်နေလေ၏။ ကုရိရှင်းကို လောင်းကစားဘုရင်နဲ့ ကဒ်ပေးကစားလိုက်ဖို့ချလိုက်တဲ့သူ့ဆုံးဖြတ်ချက်တွေက အရမ်းမှန်ကန်သွားတယ်လို့တောင် သူခံစားနေရသည်။

သို့ရာတွင် သူ့ဆုံးဖြတ်ချက်သည် ထိုမျှမက ပိုမိုသက်ရောက်မှုရှိသွားသည်ကိုတော့ သူမသိခဲ့ပေ။

အိမ်ပြန်ရောက်သွားပြီးသည့်နောက် လောင်းကစားဘုရင်သည် ရက်အနည်းငယ်ကြာသည်အထိ စိတ်ဓာတ်ကျသွားခဲ့ရသည်။ သူက ဆရာဝန်ပြဖို့နဲ့ဆေးရုံသွားဖို့ကိုငြင်းခဲ့ပြီး ရက်ပေါင်းများစွာကြာသည်အထိ အိမ်ထဲမှာပဲ သူ့ကိုယ်သူပိတ်လှောင်၍နေခဲ့သည်။

အန်းလျိူ ယူနှင့် လောင်းကစားဘုရင်၏တစ်ဆယ့်ရှစ်ယောက်သောမိန်းမတို့သည် အခန်းတံခါးဝတွင်မတ်တပ်ရပ်နေကြသည်။

လူတိုင်းက အသီးသီးစိတ်ရှုပ်ပူပန်နေကြသည်။

အကြီးဆုံးမိန်းမသည် သူ့ယောကျာ်းအပေါ် အချိန်ကြာမြင့်စွာတည်းက ချစ်ခြင်းမေတ္တာရှိမနေတော့ခြင်းဖြစ်သော်လည်း ဒီနှစ်တွေအတွင်း အနည်းငယ်မျှသံယောဇဉ်ဖြစ်ပေါ်လာသောကြောင့် သူ့ယောကျာ်းအတွက် ဘုရားစာအနည်းငယ်ရွတ်ဖတ်ပေးနေမိသည်။

၇ယောက်မြောက်နှင့် ၈ယောက်မြောက်မိန်းမတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရေးအလွန်ပြေလည်ကြသည်။ သူတို့တွေက အမွေပိုရနိုင်ဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကို ပုန်းလျှိူးကွယ်လျှိူးဆွေးနွေးနေကြပြီး အဲ့ဒီနောက်မှာ အဝေးတစ်နေရာကိုတိတ်တဆိတ်ထွက်ပြေး၍ နောက်အိမ်ထောင်ပြုဖို့အထိ ကြံစည်နေကြသည်။

အငယ်ဆုံးဖြစ်ကြသော ၁၇ယောက်မြောက်နှင့် ၁၈ယောက်မြောက်ဇနီးသည်တို့မှာ သူတို့မျက်လုံးများက မျက်ရည်လည်ရွဲဖြင့် စိတ်ပျက်အားငယ်နေကြသော်လည်း အခြားသူများမှာ သူမတို့၏မျက်နှာပေါ်တွင် 'ပျော်ရွှင်မှု'ကိုရေးခြယ်ထားကာ မိသားစုချက်ချင်းပြိုကွဲ၍ ကောင်းလောင်ကျွမ့်မြို့သို့ပြန်သွားနိုင်ရန်အလို့ငှာ ပြင်းပြစွာဆန္ဒရှိနေကြသည်။

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now