IRAATROMWPWMC(18)

5.3K 836 58
                                    

[Unicode]

သူတို့နှစ်ယောက်လုံးက မကောင်းတာလုပ်မိပြီလို့ တွေးမိလိုက်ကြတယ်။

ကုရိရှင်းကသူ့ဖင်အောက်ရောက်နေတဲ့ တစ်သျှူးထုပ်ကိုဆွဲယူလိုက်ပြီး စိုနေတဲ့အကွက်ကိုသုတ်လိုက်တယ်။ သူအားထည့်ပြီးသုတ်လေ ပိုပြီးထင်ရှားလာလေဖြစ်နေတယ်။
(လုမင်ရှီက အိပ်နေရင်းသွားရည်ကျမိတယ်ဆိုပြီး ရှက်သလိုဖြစ်နေတာပါ ဟိုတစ်ယောက်ကတော့ အိပ်မက်ထဲမှာ လုမင်ရှီနဲ့ လုပ်ခဲ့ကြတယ်ဆိုတာမက်ပြီးလန့်နိုးတော့ပေါင်ကြားမှာအကွက်တွေ့ရော သူလဲလန့်ရှာမှာပေါ့လေ - _ -)

လုမင်ရှီကမျက်နှာပူပူနဲ့ကြည့်နေလိုက်တယ်။ သူကခေါင်းကိုငုံ့ထားပြီး ကုရိရှင်းသတိမထားမိအောင်ခိုးကြည့်လိုက်တယ်။

ကုရိရှင်းကပိုသုတ်ပစ်လေ အကွက်ကပိုပိုကြီးလာလေနဲ့ နောက်ဆုံးတော့ ဆက်သုတ်ဖို့မလုပ်တော့ပဲလျစ်လျူ ရှုဖို့ဆုံးဖြတ်လိုက်တယ်။ သူကတင်ပလ္လင်ခွေထားတဲ့ခြေထောက်ကိုသတိလက်လွတ်အောက်ချလိုက်ပြီး သဘာဝအတိုင်းခြောက်ပါစေဆိုပြီးပစ်ထားလိုက်တော့သည်။

သူတို့ရဲ့ဇိမ်ခံကားက ညနေခင်းကြီးမှာပြင်းပြင်းထန်ထန်မောင်းနေခဲ့တယ်။ ကားသမားက ဖြစ်နေတာတွေကိုသိနေခဲ့ပေမယ့် ဘာစကားတစ်ခွန်းမှမပြောခဲ့ပဲ မျက်မမြင်တစ်ယောက်လို တိုးတိုးတိတ်တိတ်နဲ့ကားပဲမောင်းနေခဲ့လေသည်။

ကုရိရှင်းက ကားထဲကနေအပြင်ဘက်ရှိ LEDကြော်ငြာဆိုင်းဘုတ်တွေကိုကြည့်နေချိန် သူ့ကိုယ်သူပြန်မြင်လိုက်ရလေသည်။

" . . . "
ကုရိရှင်းကမနေနိုင်တော့ပဲစကားစလိုက်သည်။
"မစ္စတာ လု"

သူ့အခုပုံစံက တကယ်ကိုစိတ်မချမ်းမသာဖြစ်နေတဲ့ပုံပင်။

"ကျွန်တော်က ခင်ဗျားနဲ့ပြန်လိုက်ခဲ့ဖို့တောင်သဘောတူခဲ့ပြီး ကားပေါ်တောင်ရောက်နေပြီလေ။ ဘာလို့ထုတ်ထားတဲ့ဆုငွေ ကျွန်တော့်ကိုတိုက်ရိုက်မပေးရတာလဲဗျ?"

လုမင်ရှီက ခဏလောက်တွေဝေသွားတယ်။ သူပြောနေတာက ယုတ္တိရှိတယ်လို့လဲ ခံစားလိုက်ရသည်။

"မင်းကအဲ့ပိုက်ဆံကိုယူပြီးဘာလုပ်မှာလဲ?"

ကုရိရှင်းကခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီး
"လုပ်ချင်တဲ့ဟာအများစုပေါ့။ ကျွန်တော်လုပ်နိုင်တဲ့ သက်တော်စောင့်တို့ လုံခြုံရေးတို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးရတာမျိူးတွေ။ ဒါပေမယ့် ကလေးထိန်းကတော့ အရင်ကတစ်ခါမှလုပ်ဖို့မကြိုးစားဖူးလို့ ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာ မသေချာဘူး"

I Ran Away After The Rich Old Man Was Pregnant With My Child {မြန်မာဘာသာပြန်}Where stories live. Discover now