"ဦးဟန်စိုးထွဋ်က ယခုလက်ရှိ စီးပွားရေးလောကမှာ အောင်မြင်မှုအလုံးအရင်းရရှိနေတဲ့ အပြင်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်မှာ ယောက်ျားလေးတစ်ယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီး ထိုအမျိုးသားက ဦးဟန်စိုးထွဋ်ရဲ့ကိုယ်ဝန်ကို လွယ်နိုင်ခဲ့တဲ့အကြောင်းကိုပါ ဖြေကြားလာခဲ့ပါတယ် ဒါဟာရှားပါးဖြစ်စဥ်တစ်ခုဖြစ်တဲ့အပြင် အခုLGBTလောကရဲ့ စံပြတစ်ခုလို့လဲ ညွှန်းဆိုထောက်ခံနေကြတာကို သိရှိခဲ့ရပါတယ်ရှင်''

"အဲ့အချိန်တုန်းက အမြင်မကျယ်ကြသေးတဲ့ပတ်ဝန်းကျင်ကြောင့် ဝေးခဲ့ကြရပေမဲ့ အခုချိန်မှာတော့ ဦးဟန်စိုးထွဋ်ကိုယ်တိုင် ဖွင့်ဟပြောကြားလာတာဘဲ ဖြစ်ပါတယ် သူရဲ့ချစ်သူကတော့ လွန်ခဲ့တဲ့ ၈နှစ်လလောက်ကဘဲ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပြီး အခုလက်ရှိ Usက TBLကုမ္ပဏီ Ceoတစ်ယောက်ဖြစ်တဲ့ မာန်ဝဏ္ဏခြိန်းဟာ သူ့ရဲ့သားအရင်းလို့လဲ သိရှိရပါတယ်ရှင့်''

"ဟင်....''

မင်းစစ် နောက်ဆုံးစကားကြောင့် TVမျက်နှာပြင်အား မျက်လုံးများပြူးကျယ်ကာ စိုက်ကြည့်မိတော့သည် ။ အထဲရှိ မာန်ဝဏ္ဏခြိန်း၏ ရုပ်ပုံမှာ တိကျပြတ်သားသော မျက်နှာထားတင်းတင်းနဲ့အတူ တန်ဖိုးကြီးဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားလေသည် ။ အမြဲတမ်းဖွာချထားတတ်သော အနက်ရောင်ဆံပင်အိအိလေးများကို အနောက်သို့သပ်တင်ပြီး သေချာဖီးသင်ထား၏ ။ ခမ်းနားလာလိုက်တာ.....

ကျီ..........

ကုမ္ပဏီရှေ့ ကားအနက်နှစ်စီးစိုက်ရပ်လိုက်သည် ။ နောက်ကားထဲမှ ကားမောင်သူက အရင်ထွက်လိုက်ပြီး နောက်ခန်းတံခါးအား ဖွင့်ပေးလိုက်သည်နှင့် လူငယ်တစ်ဦးအထဲမှာဆင်းလာခဲ့၏ ။ ပတ်ဝန်းကျင်က လေကိုရှူရှိုက်ရင်း တစ်ဖက်စောင်းအပြုံးနှင့် သူ့၏ ဦးတည်ရာသို့ ။

ဒေါက်.....ဒေါက်.....ဒေါက်.....

ဖိနပ်သံပြင်းပြင်းမှာ ရုံးထဲရှိ ဝန်ထမ်းများ၏ ငြိမ်သက်မှုကို ပြိုခွင်းထားပြီး သူ့တို့ရဲ့ ဧည့်သည်တော်အား ခေါင်းငုံ့အရိုသေပြုကြရ၏ ။ ဖိနပ်သံဟာ ဆက်တိုက်မြည်ဟီးနေပြီး ဝန်ထမ်းအမျိုးသမီးနှစ်ဦးအနားရောက်ချိန်တွင် ရပ်တန့်သွားရသည် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now