𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻 𝑺𝒑𝒓𝒊𝒏𝒈 8

188 24 6
                                    

Unicode

''ဧကရာဇ်''

ဟွာယောင်းနန်းဆောင်မှ အပြန် လမ်းခုလတ်တွင်
ညီလာခံခန်းမ‌ဆောင်မှ ထွက်ခွာလာတဲ့ ဧကရာဇ်ကို
လှမ်း၍တွေ့မြင်လိုက်ရခြင်းကြောင့် ဂန်ဟယ်ဝန်းရဲ့
မျက်နှာက ဝင်းပလာပြီး လှပသောအပြုံးတစ်ခုကို
ဆင်မြန်းကာ ဧကရာဇ်အနီး လျှောက်လမ်းသွားလိုက်တယ်။

''ဧကရာဇ်ကို ဂါရဝပြုပါတယ်''

ရုတ်တရက် သူ့ရှေ့သို့ရောက်လာကာ ဂါရဝပြုလာတဲ့
ဂန်မိန်းကလေးကြောင့် ဂျောင်ကုမှာ အနည်းငယ်
ကြောင်အသွားရတယ်။

သို့ပေမယ့် ဂါရဝပြုနှုတ်ဆက်မှုကိုတော့ ခေါင်းငြိမ့်ကာ
အသိအမှတ်ပြုလိုက်တယ်။

ပြီးနောက် ရှေ့ဆက်သွားရန် ပြင်လိုက်စဉ်

''ဒါနဲ့ ဘယ်ကို သွားမလို့ပါလဲ ဧကရာဇ်''

ရဲတင်းစွာ မေးလာတဲ့ ဂန်မိန်းကလေးရဲ့အမေးကြောင့်
သူ ‌မျက်မှောင်တို့စုကြုံ့ကာ စူးရှသောအကြည့်တစ်ချက်ဖြင့်
သူမအား ကြည့်မိတယ်။

''မင်းအ‌နေနဲ့ ကိုယ်တော် ဘယ်သွားမယ်ဆိုတာ
သိစရာ မလိုအပ်ဘူးလို့ ထင်တယ်''

''စိုးရွံ့မိပါတယ် ဧကရာဇ်
ကျွန်တော်မျိုးမက ဒီအတိုင်း...''

''ခုလိုမျိုး ကိုယ်‌တော့်ကို မေးခွန်းထုတ်တာတွေ၊
ကိုယ်တော့်ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ
နောက်နောင် မလုပ်မိပါစေနဲ့

ပြီးတော့ မှတ်သားထားမှာက မင်းက ဒီနန်းတော်ထဲမှာ
နန်းတွင်းသူတစ်ယောက်လည်း မဟုတ်သလို
တခြား ဘာရာထူးရာခံမှ မရှိပဲ မြောင်ဟီးမယ်မယ်ရဲ့
တူမအနေနဲ့ ဧည့်သည်အဖြစ် လာရောက်နေထိုင်နေတာပါ

ဒါကြောင့်မို့ ဧည့်သည်က ဧည့်သည်လိုပဲ နေထိုင်ပါ
နန်းတော်ထဲက ဘာကိစ္စကိုမှ ဝင်ရောက်စွက်ဖက်တာမျိုး၊
မင်းကြောင့် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတာမျိုး
မရှိဖို့ ကိုယ်တော် မျှော်လင့်ပါတယ်''

ထိုမျှသာပြောပြီး သူမအား ရှောင်ကွင်းကာ
ထွက်လာခဲ့လိုက်တယ်။

သူ၏ ဦးတည်ရာသည်ကား။

'ဟွာယောင်းနန်းဆောင်'

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈Where stories live. Discover now