𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻 𝑺𝒑𝒓𝒊𝒏𝒈 3

131 24 1
                                    

Unicode

ဆောင်းဥတုကုန်ဆုံးတော့မယ် ဆိုပေမယ့်
နံနက်ခင်းပိုင်းတွင် အအေးဓာတ်တို့ အနည်းငယ်
ရှိနေဆဲဖြစ်ပြီး မြူနှင်းများလည်း ရစ်ဆိုင်းနေတယ်။

မင်အိမ်တော်ကြီးရဲ့ အပေါ်ထပ်
မင်သခင်လေးရဲ့ အခန်းငယ်အတွင်းမှာတော့။

မယ်တော်ကြီးရဲ့နောက်လိုက် အထိန်းတော်ဂျို၊
'ဗြောလ်'ဆိုတဲ့ ကောင်ငယ်လေးနှင့် ‌'ဝေါလ်'ဆိုတဲ့
နန်းတွင်းသူလေးတို့က မင်သခင်လေးနဲ့အတူ ရှိနေကြတယ်။

''ဒီက‌လေးနှစ်ယောက်က ရှေ့လျှောက် သခင်လေးကို
အနီးကပ်ခစားမယ့်သူတွေပါ''

မင်သခင်လေးက ဗြောလ်နဲ့ဝေါလ်ကို တစ်ချက်မျှ
လှမ်းကြည့်ကာ ခေါင်းငြိမ့်တယ်။

''ဒါဆို ဗြောလ်နဲ့ဝေါလ်က သခင်လေးကို ကူညီပြီး
ပြင်ဆင်ပေးလိုက်ကြပါ''

ပြောပြီးတာနဲ့ သခင်လေးကို ဦးညွှတ်ကာ
အခန်းအတွင်းမှ ထွက်သွားတဲ့ အထိန်းတော်ဂျို။

‌'ဗြောလ်'က မင်သခင်လေးကို အဝတ်အစား ဝတ်ဆင်ရာမှာ
ကူညီပေးတယ်။

'ဝေါလ်'ကတော့ မင်သခင်‌လေးကို ဖီးလိမ်းပြင်ဆင်ပေးဖို့
စောင့်ဆိုင်းနေတယ်။

နဂိုကတည်းက ချောမောလွန်းလှတဲ့ မင်သခင်လေးက
ဖီးလိမ်းပြင်ဆင်မှုတို့ များစွာမလိုအပ်။

ဖြူနုနု မျက်နှာလေးနဲ့ နီထွေးထွေး နှုတ်ခမ်းပါးတို့က
မည်သည့်မျက်နှာချေ၊ မည်သည့်ဆေးအရောင်တို့မျှ
ကူရန်မလို။

ဒါကြောင့် ဝေါလ် ဖီးလိမ်းပြင်ဆင်‌ပေးရသည်က
မင်သခင်လေးရဲ့ဆံနွယ်တို့ကိုသာ ဖြစ်တယ်။

နောက်ဖက်မှ ဆံနွယ်တို့ကို ဒီတိုင်းသာ ချထားပြီး
ရှေ့မှ ဆံနွယ်တချို့ကို နောက်ဖက်သို့စုသိမ်းကာ
စည်းနှောင်ထုံးဖွဲ့လိုက်တယ်။

သေသပ်စွာ ပြင်ဆင်ထားတဲ့ ဆံနွယ်တို့ထက်မှာ
ဆံထိုးတစ်ချောင်းကို တပ်ဆင်လိုက်ပြီးနောက်
မင်သခင်လေးက နဂိုထက်ပို၍ ချောမောလှပကာ
ကျော့ရှင်းနေတယ်။

နောက်ဆုံးအနေနဲ့ မျက်နှာတစ်ဝက်ကို ပုဝါစနဲ့
ဖုံးအုပ်လိုက်တဲ့အခါ မင်သခင်လေးရဲ့ပုံစံက
မိဖုရားလောင်း အွန်းဂျီနဲ့ အတော်ပင် တူလွန်းလှတယ်။

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈Tempat cerita menjadi hidup. Temukan sekarang