𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻 𝑺𝒑𝒓𝒊𝒏𝒈 7

172 24 4
                                    

Unicode

''အရှင်''

ဂျောင်ကုရဲ့နားစည်ကို လာရိုက်ခတ်တဲ့
အရမ်းချိုမြလွန်း‌နေတာမျိုး မဟုတ်တဲ့
အသံခပ်အေးအေး။

ဘယါသူကမှ ခေါ်ဖို့မရဲခဲ့တဲ့ ''အရှင်''ဟူသော နာမ်စားကို
သုံးနှုန်းခေါ်ဝေါ်လာတဲ့ မိဖုရားလောင်းလျာကြောင့်
သူ့မျက်ခုံအစုံတို့ ပင့်တက်သွားရတယ်။

တစ်ဆက်တည်းမှာပဲ မိဖုရားလောင်းလျာ သူမအား
သူ သေချာခြုံငုံ၍ ကြည့်လိုက်တယ်။

မိဖုရားလျောင်းလျာတစ်ပါးဖြစ်သည့်တိုင် လွန်ကျူးစွာ
ပြင်ဆင်ခြယ်သထားခြင်းမရှိပဲ ဂုဏ်မောက်ဟန်လည်း
မရှိတဲ့ သူမ၏သဏ္ဍာန်၊
တစ်ဖန် ပုဝါစဖြင့် စည်းနှောင်ဖုံးအုပ်ထား၍ တစ်စွန်းတစ်စ
မြင်နေရတဲ့ ကြည်စင်နေတဲ့ မျက်ဝန်းအိမ်များကြောင့် 
သူ ဇဝေဇဝါဖြစ်သွားရတယ်။

ကိုယ်တိုင်ဆုံတွေ့ဖူးခြင်း မရှိသော်ငြား ကြားသိထားတဲ့
သတင်းများအရ မိဖုရားလောင်းလျာ ဂျောင်မိန်းကလေးက
ရဲတင်းလွန်းသူ မဟုတ်သည့်တိုင် ‌ယခုလို အေးချမ်းသူမျိုလည်း
မဟုတ်ဟု သူထင်မှတ်ထားခဲ့တာဖြစ်တယ်။

ကြောင်စီစီလေး သူ့ကို ကြည့်နေတဲ့ မိဖုရားလောင်းလျာရဲ့
မျက်ဝန်းအိမ်တို့က ပကတိ အေးချမ်းမှုတို့ ဖုံးလွှမ်းနေတယ်။

သူမအား အကဲခတ်နေသည်ကို သိနေတဲ့အလား
မိဖုရားလောင်းလျာက အနည်းငယ် နေရခက်ဟန်
ဖြစ်လာတယ်။

ထိုသို့ နေရခက်နေဟန်ဖြင့် သူမကို နံဘေးမှ
အထိန်းတော်ချွဲက တစ်စုံတစ်ခု သတိပေးလိုက်ပုံပင်။

မိဖုရားလောင်းလျာက ချက်ချင်းပင် ကိုယ်ကို
ညွှတ်ကိုင်းချကာ သူ့ကို ဂါရဝပြု အရိုအသေပေးလာတယ်။

''ဧကရာဇ်ကို ဂါရဝပြုပါတယ်''

ဂါရဝပြုမှုကို ခေါင်းငြိမ့်၍ သူ အသိအမှတ် ပြုလိုက်တယ်။

''မိဖုရားတင်မြှောက်ကြောင်း တရားဝင်အမိန့်စာ
အပ်နှင်းရမှာမို့ ကိုယ်တော်နဲ့အတူ ညီလာခံခန်းမကို
တစ်ပါတည်း လိုက်လာခဲ့ပါ''

ထိုမျှသာပြောပြီး ယွန်းဂီနံဘေးမှ ရှောင်ကွင်းကာ
ညီလာခံခန်းမဆောင်ဆီ ဦးဆောင်ထွက်ခွာသွားတဲ့
ဧကရာဇ်။

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈Where stories live. Discover now