ep - 19 ( final )

Start from the beginning
                                    

စက်တော်မခေါခင် ပုန်ကန်မှုညက ကိုယ်တိုင်ရေးခဲ့တဲ့ စာတိုလေးကို ပြန်ဖတ်ပြန်သည်။
စာရွက်လေးက ဝါကျင်နေပြီ ။
စာရွက်သက်တမ်းလေးက ဆယ်စုနှစ်တွေ ကျော်လာချေပြီ။
ဒါဆို သူထွက်သွားတာလဲ ဆယ်စုနှစ်ကျော် ကြာချေပြီပေါ့ ~~~

" ကျွန်တော့ မြှားကျိုးနေတော့ အိမ်ရှေ့စံ ကံကောင်းသွားတယ် "

အမျိုးသားတစ်ယောက်ကို လွတ်ထွက်မတတ်ပွေ့ဖိုက်ထားတာ...
သူကိုယ်တိုင် သတ်ခဲ့တာ ဘာတွေခံစားနေတာလဲ အော်ငေါက်လိုက်ချင်ပင်မဲ့ တကယ်တမ်း အသက်ရှုဖို့တောင် ခက်ခဲ့နေမိသည်။

ဆယ်စုနှစ်များစွာမမြင်ရခဲ့တဲ့ အိမ်မက်တွေရဲ့ မျက်နှာပိုင်ရှင်လေးကို မင်းကြီးဂျွန် တွေ့ခဲ့ရသည်။
ရေးတေးတေးပြုံးပြခဲ့တဲ့ အပြုံးတွေလောက် ဘယ်အရာမှ မချိုမြိန်ဘူး ။

မျက်ခုံးနက်နက်တွေ မျက်လုံးတောင်တောက်တွေနဲ့ နှုတ်ခမ်းဖူးဖူးလေးကို သူ့ဘဝ ထွက်သက်ထိသတိရ နေတော့မှာ သေချာသည်။
မျက်နှာတောင်မမှတ်မိတဲ့ ချစ်ရသူကို ဆယ်စုနှစ်တိုင် လွမ်းနေခဲ့ရတာလို့လဲ သူခေါင်းစဉ်မတတ်ချင်ခဲ့ဘူး။
သေချာတာတော့ သူ့ဘက်က မေ့ဖို့အတွက်လက်မလျော့ခဲ့ဘူး ...
သတိရနေပေးပါ ကမ္ဘာပေါ်မှာ မင်းနဲ့ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ လူတိုင်းဆီက ပျောက်ကွယ်သွားရင်တောင် ကိုယ်က ဖမ်းဆုတ်ပြီး လွှင့်ပျယ်မှာ ကြောက်နေခဲ့တဲ့ အရူးတစ်ယောက်ဖြစ်ခဲ့ကြောင်းကို။

မင်းကြီးဂျွန်ဟာ ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့တဲ့ သူ့ရဲ့အမျိုးသားလေးမျက်နှာကို အိမ်မက်ထဲမှာ အမြဲတွေ့နေရမှာဖြစ်တယ်။
ဘာကြောင့်လဲဆို မင်းကြီးဂျွန်ဟာ သူ့အိမ်မက်ကနေ ဘယ်တော့မှ ပြန်မထလာတော့ခြင်းကြောင့်ပင်။

_______________________°°°°°°°°°__________

" လူနာ သတိရလာပြီလား "

ဆေးရုံနံ့တွေ နှာခေါင်းထဲ တိုးဝင်လာသည်။
အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေနိုင်တာကြောင့် မျက်လုံးကို ချက်ခြင်းမဖွင့်နိုင်သေးပေ။

" hyung အဆင်ပြေလား "

နားထဲမှာ အရင်ကြားမိတာ taehyung အသံ။
ဒါဆို ....သူမပျောက်ကွယ်သွားဘူးလား??

Stranger From Hell { complete }Where stories live. Discover now