၁၂..မျက်လုံးစည်းနဲ့ကလေး

En başından başla
                                    

"အရှင့်သားကျွန်မကိုမုန်းလား?"

ဒူကိုင် ခေါင်းယမ်းလိုက်၏။

သူမရယ်မောလိုက်ပြီး"ဒါဆို သဘောကျလား?"

သူက ခေါင်းငုံ့ပြီးချက်ချင်းခေါင်းညိတ်လိုက်သည်။လီချာ သူ့နာရွက်နီနီလေးတွေကိုတစ်ချက်ကြည့်လိုက်လျက်"အာ,အရှင့်သားကိုကျွန်မသတိပေးထားမယ်နော်၊ကျွန်မကိုအရမ်းသဘောမကျနဲ့"

"ဘာလို့လဲဆို​တော့ အဲ့ဒါကအရှင့်သားရဲ့အရာအားလုံးကို..ဆုံးရှုံးသွားစေလိမ့်မယ်"သူမက
သူ့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ရင်း ဆက်ပြောလိုက်၏"...ဆိုလိုဝာာကအရာအားလုံးကိုပြောတာ"

ကြောင်လေးကိုချော့မြှူရတာ တကယ်ကိုခက်ခဲသည်။သူမ တိတ်တိတ်လေးသက်ပြင်းချလိုက်မိပြီး"နေကောင်းပါစေ၊မငိုနဲ့တော့နော် အရှင့်သား"

သူမ တစ်ခြားဘာမှမပြောရသေးခင်ရထားလုံးထဲမှအားပေါင်ရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရသည် "မင်းသမီး,အချိန်ကျပြီ"အားပေါင်ရဲ့မျက်လုံးတွေက အဓိကဇာတ်ဆောင်လေးကိုစိုက်ကြည့်နေလေသည်။

ဖြူး...

ဟုတ်ပါတယ်လေ၊ဒူကိုင်နဲ့ပက်သက်ပြီးငါဘယ်လောက်တောင်ရူးသွပ်စွာစိတ်ပူနေမိပါလိမ့်?ငါ့ကိုယ်ငါတောင်အံ့ဩမိတယ်..

အဓိကဇာတ်ဆောင်က...ဘာလို့သူနဲ့ပက်သက်ပြီးငါ့ကိုစိတ်ပူလာအောင်လုပ်ရတာလဲ?မသိစိတ်ကစပြီး အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ။

တကယ်ပါ၊ငါကတော့တစ်ကယ်ပျက်စီးခြင်းစိုက်ဝာာ၊သူငိုနေတာမြင်ရတာမကြိုက်ဘူး။

ဟုတ်တယ် ဒီကလေးကိုင်နဲ့ပတ်သက်လာရင် ငါအမြဲဒီလိုပဲ။ငါ့ရဲ့ပထမဆုံးကူးပြောင်းခြင်းကတည်းက ဒီကြောင်လေးအတွက်ဆိုစိတ်ပျော့တတ်မှန်းကိုယ့်ကိုကိုယ်သတိထားမိတယ်။သူ့ကိုအများကြီးနှောင့်ယှက်တယ်၊အများကြီး လည်းဂရုစိုက်တယ်၊အဲဒါကြောင့်နဲ့ပဲ သူအသနားခံတာတွေကိုလက်လျော့ပေးခဲ့ရတယ်။

ဒီကြောင်လေးက..အဲ့လိုအငိုသန်တဲ့ကလေး။

ဒါမှမဟုတ် ဖြစ်နိုင်တာကဒူကိုင်က... ငါနဲ့ဆန့်ကျင်ဘက် ဖြစ်နေလို့လား?မကြာခဏမျက်ရည်ကျတတ်တဲ့ ဒီကလေး၊ကိုယ့်ရဲ့စိတ်ခံစားချက်အစစ်အမှန်ကို ပြသဖို့လည်းမကြောက်သလို၊ကိုယ့်အားနည်းချက်ကိုလည်း အခြား‌သူတွေဆီထုတ်ဖော်ဖို့၀န်မလေးဘူး။

Villainess Series 2 ;အဓိကဇာတ်ဆောင်အားငြင်းပယ်ခြင်းHikayelerin yaşadığı yer. Şimdi keşfedin